ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၆ ရက် ဒီနေ့မှာ အမှတ်(၂) စစ်ဒေသခွဲ(JOC) ရဲ့ ကွပ်ကဲမှုအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တို့ ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ယောက်ထက်မနည်းသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဟာ  အထိအခိုက်များစွာနဲ့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၂) ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သလို လက်နက်မျိုးစုံ (၂၈)လက်နဲ့ ခဲယမ်းတွေအပြင် အခြားစစ်သုံးပစ္စည်း အမြောက်အမြားကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဂျနီဗာကွန်ဗန်းရှင်း (Geneva Conventions) နဲ့အညီ စနစ်တကျ ထိန်းသိမ်းထားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ(၂၅)တပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊တပ်ရင်း(၉)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပြည်သူကိုသတ်သည့် စစ်တပ် လက်ကိုင်တုတ် ကြံ့ခိုင်ရေးက အတွေ့အကြုံမရှိသူများ လက်ထဲတွင် ပြည်သူ့အနာဂတ် ပွန်းပဲ့ခံလို့မဖြစ်ဘူးဟုပြောကာ မဲဆွယ်

အာဏာသိမ်း စစ်ဗိုလ်ချုပ်အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီက သူတို့ပါတီဟာ အတိတ်သမိုင်းကောင်းတွေ ရှိခဲ့ပြီး ပါတီနောက်မှာ ခိုင်မာတဲ့အဖွဲ့အစည်းရှိတယ်လို့ ပြောဆို မဲဆွယ်ခဲ့ပါတယ်။
Read More

အတင်းအဓမ္မ ပြန်လည်စုဆောင်းခံရသည့် တပ်ကြပ်အပါအဝင် စစ်မှုထမ်း ၂ ဦး ရှေ့တန်းတွင် ထွက်ပြေးအလင်းဝင်

သြဂုတ်လဆန်းပိုင်းကစလို့ မုံရွာမြို့နယ် ကျောက္ကာလမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲထဲကနေ စစ်မှုထမ်း ၂ ယောက် ထွက်ပြေးကာ အလင်းဝင်လာခဲ့တယ်လို့ Northwest Plains Revolutionary Forces – NPRF က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ ဒုကြပ်တပ်အပါအဝင် စစ်သား ၃ ဦး BNRA တပ်ဖွဲ့ထံ လက်နက်နှင့် အလင်းဝင်

စစ်ကိုင်း တပ်မ (၃၃) က ဒုတပ်ကြပ် (၁) ယောက်နဲ့  ပုလဲမြို့ခံတပ်က တပ်သား (၂) ယောက် လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (B.N.R.A) တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

စစ်သင်္ဘောများ သွားလာဖို့ ချင်းတွင်းမြစ်ကမ်းနံဘေး ကျေးရွာများအား စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာမယ့်  စစ်သင်္ဘောတွေအတွက် စစ်ကောင်စီက ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာတွေကို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ယောက် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

တောင်သာမြို့နယ်၊ တလိုင်းရပ် (ရွာသစ်) ပျူရွာ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်) ရွာရှိ ပတ်ကင်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါ ၂ ယောက် သေပြီး လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)…
Read More

နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းဖို့ တိုက်ပွဲများ ရပ်တန့်ပေးကြရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်တွန်း 

နိုင်ငံတဝန်း တည်ငြိမ်အေးချမ်းမှု ရှိနေစေဖို့ လက်နက်ကိုင်တိုက်ပွဲတွေ ရပ်တန့်ပေးကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။