ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာတိုက်ပွဲမှာ  အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင်တပ်ရင်း ၃ (Myanmar Defense Force) က ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။

သာယာဝတီခရိုင်တပ်ရင်း ၃ (MDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူလူထုလုံခြုံရေး၊ ဒုတာဝန်ခံ တပ်ကြပ်ကြီးအဆင့် ရဲဘော်အော်ကြူး (ခ) ဦးကျော်၊ ထုတ်လုပ်ရေးတပ်ဖွဲ့ဝင် တပ်ကြပ်အဆင့် ရဲဘော်ချက်ကြီး (ခ) ထွန်းကိုကို၊ ဒုတပ်စုမှူး ရဲဘော်အယ်ဒို၊ ရဲဘော်ထက်ကြီးတို့ဟာ တောင်ပြတ်ကျေးရွာတိုက်ပွဲမှာ လူထုတော်လှန်ရေးတာဝန်တွေ ထမ်းဆောင်ရင်း ဇွန်လ ၂၀ ရက် မနက်ပိုင်းမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မိမိအသက်ကို စွန့်လွှတ်ကာ လူထုတော်လှန်ရေး တာဝန်တွေကို စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့တဲ့အတွက် ကျဆုံးရဲဘော်တို့ရဲ့ မိခင်တပ်ရင်း၊ မဟာမိတ် ရဲဘော်ရဲဘက်တွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲဘော် အားလုံးကနေ ဂုဏ်ယူ အလေးပြုကြောင်း ထုတ်ပြန်ထားပါတယ်။

လူထုတော်လှန်ရေးအတွက် အသက်ကို‌ စွန့်လွှတ်ပေးလှူခဲ့တဲ့ ကျဆုံးရဲဘော်တွေ မျှော်မှန်းခဲ့တဲ့အတိုင်း တိုင်းရင်းသား လူမျိုးပေါင်းစုံ တန်းတူညီမျှ ပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ ကျန်ရှိတဲ့ ရဲဘော်ရဲဘက်တွေက ဆက်လက် ကြိုးပမ်းသွားမယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်သပိတ်အင်အားစုက စာအုပ် ၁၀၀ ရွေ့လျားစာကြည့်တိုက်ကို ဆက်လက်ဖွင့်လှစ်ထား (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ရွှေဘိုမြို့နယ်သပိတ်အင်အားစုက ကျောင်းသားလူငယ်တွေနဲ့ တော်လှန်ပြည်သူတွေ လေ့လာဖတ်မှတ်နိုင်ဖို့အတွက် စာအုပ် ၁၀၀ ရွေ့လျားစာကြည့်တိုက်ကို ဆက်လက်ဖွင့်လှစ်ထားတယ်လို့ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ရန်ကုန်တက္ကသိုလ်မှ ကထိကဒေါ်ဝင်းဝင်းအောင် PDF ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ AA နှင့် ကြိုတင်ကြံစည်ပူးပေါင်းခြင်းသာ ဖြစ်ဟု စစ်ကောင်စီ ဆို

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနက ကထိက ဒေါ်ဝင်းဝင်းအောင်ဟာ PDF တွေ ဖမ်းဆီးခံရတာမဟုတ်ဘဲ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းသွားတာဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ပြည်သူတွေရှိရာ ကျေးရွာများတွင် စလင်း ပကဖ လှည့်လည်ဖျော်ဖြေခဲ့ (ဓာတ်ပုံသတင်း)

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ရန်ကုန်မှာ ငလျင်ကြောင့် ဘဏ်နှင့် ပုဂ္ဂလိကလုပ်ငန်းများ နေ့တစ်ဝက်ရပ်နား၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအများစု ပြတ်တောက်နေ

ကြီးမားတဲ့ ငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်နိုင်တာကြောင့် ရန်ကုန်က  စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေကို နေ့တစ်ဝက် ရုံးပိတ်ကာ ဝန်ထမ်းတွေကို ပြန်ခွင့်ပြုနေတယ်လို့ သိရပါတယ်။
Read More

မူးမြို့နယ်တွင် စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် (၆) နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆစ်ဒနီမှာ တော်လှန်အနုပညာရှင် ဖြူဖြူ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင် တစ်ယောက်ဖြစ်သူ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။