မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ် ပထမ ၆ လတာခန့်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အရပ်သားပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆၅ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ မန္တလေးတိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၃၁) ယောက်နဲ့ အမျိုးသား (၃၄) ယောက် စုစုပေါင်း (၆၅) ယောက် သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၆) ယောက် ပါဝင်ပြီး သေဆုံးသူစုစုပေါင်းအထဲက (၄၅) ယောက်ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ AAPP က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်ကလည်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ မရိုးကုန်း၊ ရွာရှည်နဲ့ ကျားတိုင်းကျေးရွာတွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မရိုးကုန်းကျေးရွာနေ သက်ကြီးအမျိုးသား ၁ ယောက်နဲ့ သူ့ရဲ့သမီးဖြစ်သူတို့ ဗုံးစထိမှန်ပြီး နေရာမှာပဲ သေဆုံးခဲ့ရပါသေးတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် မတရားစစ်အာဏာလုချိန်ကစလို့ ဇွန်လ ၂၄ ရက် ဒီနေ့အထိ နွေဦးတော်လှန်ရေးကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူစုစုပေါင်း (၆၈၁၄) ယောက် ရှိခဲ့ပြီဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ရွေးကောက်ပွဲဇာတ်လမ်းနှင့် သရုပ်ဆောင်များကို ဝေဖန်မှုဖြင့် ဒါရိုက်တာမိုက်တီး အပါအဝင် အနုပညာရှင် ၃ဦးကို စစ်ကော်မရှင် ဖမ်းဆီးထား

ရွေးကောက်ပွဲ ဝါဒဖြန့် ဇာတ်ကားနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကို ဝေဖန်တယ်ဆိုပြီး ဒါရိုက်တာ မိုက်တီး အပါအဝင် အနုပညာရှင် ၃ယောက်ကို ဖမ်းဆီးလိုက်ကြောင်း အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၉ရက် ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
Read More

နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျုဟာအမှတ်(၁၇)ရှိ တပ်ရင်း(၉၀၁)စခန်းမှာ ၄ /၂၀၂၅ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့မှာ သုံးရက်အတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ဒဏ်ရာရ၊ တစ်လတာတိုက်ပွဲအတွင်း တအာင်းဒေသမှာ အရပ်သား ၂၂ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ စက်တင်ဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ ၃ ရက်အတွင်း စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ (၄) ယောက် သေဆုံးပြီး (၁၁) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ယင်းမာပင်ခရိုင်တပ်ရင်း (၆)ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၆) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်သင်တန်းဆင်းပွဲကို မနေ့က ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။