ဇွန်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကနေ အလင်းဝင်လာတဲ့ စစ်သားနဲ့ ရဲ စုစုပေါင်း ၅၄ ယောက်နဲ့ လက်နက်ချ စစ်သုံ့ပန်း ၄၇ ဦး ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၄ ယောက်အထဲက ၁၁ ယောက်ဟာ အဓမ္မစစ်မှုထမ်းတပ်သားတွေ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ အ‌ယောက် ၄၀ ၊ တနင်္သာရီ တိုင်းမှာ ၄ ယောက်၊ ပဲခူးတိုင်းမှာ ၄ ယောက်၊ မကွေးတိုင်းမှာ ၁ ယောက်၊ ရန်ကုန်တိုင်းမှာ ၁ ယောက်နဲ့ စစ်ကိုင်းတိုင်းမှာ ၁ ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကတော့ စစ်ကိုင်းတိုင်းမှာ ပြည်သူ့စစ် ၁၈ ယောက်၊ မကွေးတိုင်းမှာ အကြမ်းဖက်စစ်သား ၂၈ ယောက်နဲ့ မန္တလေးတိုင်းမှာ ၁ ယောက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လဒုတိယပတ်အထိ စစ်ကောင်စီတပ်ကနေ အလင်းဝင်တာနဲ့ လက်နက်ချတဲ့ စစ်သုံ့ပန်း ၁၃၉၈ ဦးအထိ ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တိုက်ပွဲများကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးမပြုရန် KNDF ထုတ်ပြန်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ စစ်တပ်က ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးဖက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားမှု လုပ်လာနိုင်တာကြောင့် အဆိုပါ လမ်းမကြီးကို ဒီနေ့ နိုဝင်ဘာလ ၆ ရက်ကစပြီး ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်လိုက်ပါတယ်။
Read More

တောင်သာမြို့နယ် သူကြီးအိမ်တွင် တပ်စွဲထားသည့် စစ်အုပ်စုအား PDF ဝင်ရောက်တိုက်ခိုက်၊ စစ်အုပ်စု ၅ ဦး သေပြီး ၅ ဦး ဒဏ်ရာပြင်းထန်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်အုပ်စု ခြေကုပ်ယူတပ်စွဲထားတဲ့ တမိုက်သားကျေးရွာ သူကြီးအိမ် တိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်အုပ်စုက အရပ်သားလူငယ် ၁၁ ယောက်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း -၃ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှ စစ်သား ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

ကန့်ဘလူ၊ ဇီးကုန် ရဲစခန်းကနေ ရဲတပ်သား ၁ ယောက် သေနတ် ၁ လက်နက်နဲ့ အလင်းဝင်လာလို့ ဆုငွေချီးမြှင့်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်း ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၁ ယောက်က သေနတ် ၁ လက်နဲ့ အလင်းဝင်လာတာကြောင့် ဆုငွေချီးမြှင့်ခဲ့တယ်လို့ ကန့်ဘလူခရိုင် တပ်ရင်း ၄ ဆီက သိရပါတယ်။
Read More

ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားပြီး KNLA ဆီ အလင်းဝင်သွားတဲ့ စစ်သား ၂ ဦးကို ပြန်ရှာရန် လာသည့် အကြမ်းဖက်စစ်တပ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုခရိုင် PDF အမှတ် (၉) တပ်ရင်း၏ (၄) နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။