မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ဘက်ကို တင့်ကား ၄ စီး နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ယာဉ်တန်းကို ဇွန်လ ၁၄ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးသူတွေရှိသလို အရှင်ဖမ်းဆီးရမိတာတွေလည်း ရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် − ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကံပြားရွာကထွက်လာတဲ့ တင့်ကား ၄ စီး နဲ့ အင်အား ၂၀၀ ကျော်ရှိ အကြမ်းဖက်စစ်ကြောင်းဟာ ပုသိမ် − မုံရွာ ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး ၇ ယောက် ဒဏ်ရာရကာ ၂ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။

“ကံပြားဘက်က တက်လာတယ် သတင်းရလို့ မိုင်းခင်းပြီး ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်ခဲ့တာပါ၊ ကားတန်းနဲ့ ခြေလျင် ရှေ့ပွိုင့် ရှင်းလင်းရေးအဖွဲ့နဲ့ လာတာပါ။ မိုင်းတွေတိုးပြီး ပထမဆုံးထိခိုက်မှုဖြစ်တာ။ ထိခိုက်သူတွေကို ကားနဲ့ တန်းတင်သွားပြီး စလင်းမြို့တွင်း ပြန်ဝင်သွားပါတယ်” လို့ မင်းဘူးခရိုင် အမှတ် − ၅ တပ်ရင်း တပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် တင့်ကားတွေဟာ ရှေ့ဆက်မသွားနိုင်တော့ဘဲ ကံပြားရွာထဲကို ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ အဲဒီနောက် ဇွန်လ ၁၆ ရက်နေ့မှာတော့ အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ တောလမ်းအတိုင်း ထပ်မံခြေလျင်စစ်ကြောင်းထိုးလာစဉ် ခင်ပလူရွာထဲအဝင် ကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ ဆုတ်ခွါသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ ၁၇ ရက်နေ့မှာလည်း ပိတ်ဆည်ကျေးရွာထဲ စစ်တပ်စစ်ကြောင်း ထပ်မံဝင်ရောက်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ဖြစ်ပွားခဲ့ကာ ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အဆိုပါကျေးရွာကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။

“ပိတ်ဆည်ရွာကိုဝင်တဲ့အချိန် စောင့်ကြိုတိုက်ခိုက်ဖို့ပြင်ဆင်ထားတဲ့အဖွဲ့တွေနဲ့ ၂ ကြိမ် အကြီးအကျယ် ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။ ပိတ်ဆည်နဲ့ ခင်ပလူကြားတစ်ကြိမ်၊ ခင်ပလူရွာအနောက်ဘက်မှာ တစ်ကြိမ်၊ ရန်သူတွေ ခင်ပလူရွာအတွင်း မဝင်ခင် ကျနော်တို့ Drone ဗုံးသီးတွေနဲ့ တိုက်ခိုက်မှု ပြုလုပ်သေးတယ်”လို့ အထက်ပါ တပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း၊ ဒေါင်းညီနောင် မြို့ပြပျောက်ကြားတပ်ဖွဲ့ ၊ အမှတ် (၅) တပ်ရင်း Drone တပ်ဖွဲ့ ၊ စလင်းမြို့နယ် (ပကဖ) ၊ မင်းဘူးခရိုင်အမှတ် (၁)တပ်ရင်း ၊ မင်းဘူးခရိုင် (ပကဖ) ၊ ဒေါင်းစစ်အောင် LPDF ၊ SLNLPDF ၊ ဗမာ့တပ်တော်နဲ့ ပေါက်တောင်ပိုင်းဆေးတပ်ဖွဲ့တို့  ပူးပေါင်းဖော်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အုတ်ဖိုမှာ စစ်ကောင်စီ ရွာတချို့ကို ရှေ့နောက်ပိတ်ပြီး ပေါ်တာဆွဲ၊ သားသမီး မရှိတဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေ၊ ရွာလုံးကျွတ် ထွက်ပြေးနေကြရ

ပဲခူးတိုင်း၊ အုတ်ဖိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်တပ်ကြောင့် အရပ်သားပြည်သူ ၈၆ ဦး သေဆုံး

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၁ လတာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကြောင့် အရပ်သားပြည်သူ ၈၆ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မြဝတီတစ်မြို့လုံး စက်သုံးဆီဆိုင်တွေ ပိတ်ချထား

ကရင်ပြည်နယ် မြဝတီနဲ့ ကော့ကရိတ်မြို့နယ်ရှိကျေးရွာတွေမှာ သြဂုတ်လ ၁၄ ရက် မနက်ပိုင်းကစလို့ စက်သုံးဆီဆိုင်တွေ အကြောင်းပြချက်မရှိဘဲ ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

မြိုင်မှာ စစ်အုပ်စုကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ ၂ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး လက်နက်တချို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ ထံက သိရပါတယ်။
Read More

ထားဝယ် သွားမယ့် စစ်ကောင်စီမြေတင်ကားတွေ လမ်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါလာတဲ့ ကား၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံက သိရပါတယ်။