မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ဖက်ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံတွေက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၁၆ရက် ညနေပိုင်းကစလို့ မတ္တရာမြို့နယ်အရှေ့ခြမ်း ထန်းပင်ကုန်းရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“စကစ က တိုးလာလို့ တိုက်ပွဲဖြစ်နေတာပါ။ ဆက်တိုက်ဖြစ်နေတာ ၂ရက် ၃ရက် ရှိပြီ။ ဒီနေ့အထိပဲ။ လေယာဥ်တွေကလည်း Y12 လာလိုက်၊ ဖိုက်တာလာလိုက်နဲ့ ပြည်သူတွေလည်း အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရ ဖြစ်နေပြီ” လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၄ရက်နေ့ကစပြီး မတ္တရာမြို့အရှေ့ခြမ်း အင်ကြင်းမြိုင် စစ်တပ်အနီးတစ်ဝိုက်နဲ့ ထန်းပင်ကုန်းကျေးရွာတို့ကို တံတားဦးတက် Y12 ၊ ဂျက်ဖိုက်တာတို့နဲ့ ဗုံးသီး အလုံး ၃၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန် ၁၇ ရက် ည ၁၂နာရီကျော်အချိန်မှာလည်း မတ္တရာမြို့အရှေ့ခြမ်း ထန်းပင်ကုန်းရွာအနီးကို တံတားဦး လေတပ်ကနေ ဗုံးသီး အလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။

တစ်ဆက်တည်းမှာပဲ ပတ်လည်အင်း ကျေးရွာ တာယာစက်ရုံကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် တာယာစက်ရုံ မီးလောင်သွားခဲ့ပါသေးတယ်။

ပုံစာ – မတ္တရာမြို့အရှေ့ခြမ်းရှိ စစ်ကောင်စီစခန်းများအား သိမ်းပိုက်ထားသည့် MDY PDF

စစ်ကောင်စီအနေနဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကို အင်အားအလုံးရင်းသုံး စစ်ကြောင်းထိုးရင်း ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေတာကြောင့် MDY PDF ဦးဆောင်တဲ့တပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေရှိနေတာလို့ သိရပါတယ်။

ဇွန်လ ၁၉ရက် ဒီနေ့မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက ထန်းပင်ကုန်းနဲ့ ဘိုကုန်းရွာ အနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာ၊ စက်လက်ပစ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက တံတားဦးတက် Y12 စစ်ထောက်ပို့လေယာဥ်နဲ့အတူ ထန်းပင်ကုန်းရွာဆီ ဗုံးသီး အလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သလို ပေါင် ၅၀၀ ဗုံး ၂လုံးကိုလည်း ဂျက်ဖိုက်တာနဲ့ ကြဲချသွားတာကြောင့် အရပ်သားထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အခုနှစ်၂၀၂၅ နှစ်ဆန်းပိုင်းကစလို့ MDY PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အ​ရှေ့ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ထိတွေ့တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ရှိလာတာလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အပတ်စဉ် (၂/၂၀၂၄) ရဲ့ အခြေခံပညာစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနက ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲကို ရှေ့တန်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
Read More

အုတ်ဖိုတွင် အကြမ်းဖက်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦး သေ၊ အရပ်သားများကို ၃ လောင်း သယ်ခိုင်းကာ ၂ လောင်း လယ်ကွင်းထဲ ကျန်ခဲ့

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာထိပ် ရောက်ရှိနေတဲ့ စစ်အုပ်စုကို ကာကွယ်ရေးတပ်ဖွဲ့တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၆) Black Dragon GBK-PDF ထံက သိရပါတယ်။
Read More

ဥတ္တူကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော် ဝတုတ်၊ ဝက်ငယ်နှင့် ဥတ္တူ တို့၏ စျာပန

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ၁၈ နှစ်အရွယ် ရဲဘော် ၂ ယောက်နဲ့ အသက် ၃၀ အရွယ် ရဲဘော်တို့ရဲ့ စျာပနအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မန္တလေးမှာ စစ်သားသစ် စုဆောင်းခံရသူ စစ်ကောင်စီတပ်သားသစ်တစ်ဦး စလင်း ပကဖ ထံ ခဲယမ်းများနှင့် အလင်းဝင်

မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကနေ စစ်မှုထမ်းဆင်း စစ်ကောင်စီတပ်သားသစ် ၁ ယောက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း (စလင်း ပကဖ)က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတပ် ဖွီကျေးရွာကို စစ်ကောင်စီ ဗုံးကြဲလို့ အရပ်သားပြည်သူ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ဖွီကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့ရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးက ကျေးရွာ ၂ ရွာကို အကြမ်းဖင်စစ်ကြောင်းက မီးဝင်ရှို့ရင်း အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးကာ အရပ်သား ၁ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။