ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီး၊ ရေမောင်းတန်းနဲ့ လက်ပန်ကုန်း စတဲ့ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က မနေ့ကညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၅ ရက် မနေ့ကမနက်ပိုင်းမှာ အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပွား‌ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး (၃)လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၃၇)လုံး၊ ဗုံး (၃၅)လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ပန်ကုန်းကျေးရွာဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး (၆)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

တိုက်ပွဲမဖြစ်ပွားတဲ့ ရွှေညောင်ပင်ကျေးရွာဘက်ကိုလည်း စစ်ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်ပြီး ရည်ရွယ်ချက်ချက်ရှိရှိ လက်နက်ကြီး (၃)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၄ ရက်ကလည်း ရွှေသွန်း၊ ပိန္နဲကုန်း၊ သရက်ကုန်းနဲ့ လက်ပန်ကုန်းကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး (၈၀) ၊ ဒရုန်းနဲ့ ဗုံး(၂၆)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် – (၂) သင်တန်းဆင်းပွဲ

မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဦးစီးပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - (၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။
Read More

ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော်က လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်သား ၁ ယောက်ကို ငွေကျပ်သိန်း ၅၀ ချီးမြှင့်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်လာတာကြောင့် ငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တယ်လို့ ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ဒီဇင်ဘာ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
Read More

ဘုတလင်တွင် နယ်မြေရှင်းလင်းရေးလုပ်မည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး အယောက် ၄၀ ထက်မနည်း သေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (SF/SAF) က ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းထောင်ချိန် အမှားအယွင်း ဖြစ်ပြီး တော်လှန်ရေးရဲဘော် တစ်ဦး ကျဆုံး

"စလင်းမြို့နယ်အတွင်း ခဏခဏထိုးနေတဲ့ စစ်ကြောင်းကိုကာဖို့ အတွက် မိုင်း error တက်ပြီး ကျဆုံးသွားတယ်‌ဗျ၊ ရဲဘော် အောင်ဝမ်းတူးက ပွိုင့်တာဝန်ခံရာထူးကို ယူထားပြီး၊ သူ့ဘက် ပွိုင့်အတွက်ဆို ကျနော်တို့အနေနဲ့ လှည့်ကြည့်ဖို့ မလိုအောင်ကို အားကိုးရတယ်ဗျ၊ သူ့ကြောင့်ဘယ်‌တုန်းကမှလဲ စိတ်ညစ်၊စိတ်ရှုပ်ရတာမျိူးလဲမရှိခဲ့ဘူး‌" လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်းရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်အရာရှိ ၂၂ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်း၀ရမ်းထုတ်

အာဂျင်တီးနားနိုင်ငံတရားရုံးက အာဏာလုစစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းနဲ့ မြန်မာစစ်တပ်က ထိပ်တန်းအရာရှိ ၂၁ ယောက်ကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ - BROUK က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။