မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်ကအနောက်မန်ကျည်းကန် ပျူစောထီးရွာကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ စခန်းရလုဆဲဆဲအချိန် အကြမ်းဖက်စစ်ကူအင်အားတွေ တက်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း အညာ​မြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

ဇွန်လ ၁၀ရက်နေ့ မနက် ၅နာရီအချိန်ကစပြီး ပခုက္ကူမြို့နဲ့ မြစ်ခြေမြို့ကြား၊ မြစ်ခြေမြို့နဲ့ ၅မိုင်အကွာမှာရှိတဲ့ အနောက်မန်ကျည်းကန်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေက စခန်းသိမ်းတိုက်ပွဲ ဝင်ရောက်ဆင်နွှဲဲခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား အပြန်အလှန် ထိတွေ့မှု ၁ နာရီခွဲကြာ ဖြစ်ပွားခဲ့ပြီး ပျူစခန်းဘန်ကာ ၃ လုံးအထိ တော်လှန်ရေးတပ်တွေရရှိပြီးချိန်မှာ ဘဲကြီးပျူရွာနဲ့ ပခုက္ကူတပ်မ (၁၀၁) က စစ်ကူတပ်တွေ တက်လာတာကြောင့် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၅ ယောက် သေပြီး ၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ယောက်လည်း ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

“အစက ဒီ အနောက်မကျည်းကန်တို့ ဘဲကြီးတို့ဆိုတာ ကျနော်တို့အတွက် နယ်မြေအနေအထား မသာလို့ ရှောင်ထားတဲ့ရွာတွေပါ။ အခုကျ ပေါက်ကပစကို စစ်ကြောင်းတွေ တက်နေကြတယ်။ အာရုံစိုက်နေကြတယ်။ ဒီပျူရွာတွေက အင်အားတွေကိုလည်း ထုတ်နုတ်ထားတော့ နောက်ချန်မှာ ကျန်ခဲ့တဲ့အတူတူ တစ်ယောက်ပဲရရ နှစ်ယောက်ပဲရရ ဝင်လုံးခဲ့တာပါ။ အဲ့နေ့က လေကြောင်းပစ်တော့ မကြုံခဲ့ရဘူး။ စစ်ကူရောက်လာလို့သာ လျင်လျင်မြန်မြန် နောက်ကိုဆုတ်ခဲ့ရတာပါ” လို့ အညာ​မြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။

ပျူစောထီးရွာသိမ်းတိုက်ပွဲကို အညာမြေတပ်ပေါင်းစုနဲ့အတူ ဧရာဒေါင်းတပ်ဖွဲ့က ဦးဆောင်ခဲ့ပြီး နယ်စည်းမခြား (PKU) ၊ PI PDF၊ ကိုရေခဲနှင့် ဗလညီနောင်ခေါင်းဆောင်လူငယ်‌ပြောက်ကျားတပ်ဖွဲ့၊ Younth Guettilla force(Y.G.F)၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ God of Myaing၊ မုန်တိုင်းပြောက်ကျားတပ်ဖွဲ့၊ DYT ပြောက်ကျားတပ်ဖွဲ့၊ 21bagan၊ BLY ပေါက် (ပကဖ)၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ ၆၊ Burmese Revolution Ranger ၊ PLO ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

0 Shares:
You May Also Like
Read More

တောင်ကြီးတွင် ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေကြောင့် အမျိုးသား ၁ ဦး ထောင် ၇ နှစ် ချမှတ်ခံရ

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ကာကွယ်ပေးရေး ဥပဒေကြောင့် ဖမ်းဆီးစစ်ဆေးခံရတဲ့ အမျိုးသားကို အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ 
Read More

ဝက်လက်မှာ တစ်ရက်အတွင်း စစ်တပ်စစ်ကြောင်း တစ်ခုလုံးနီးပါး ပြုတ်ထွက်ကာ ၁၀၀ နီးပါး သေ

ဇန်နဝါရီ ၅ရက် မနေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ပြီး အကြမ်းဖက်စစ်သား များစွာ သေဆုံးခဲ့ပါတယ်။ စစ်ကြောင်းတစ်ခုလုံးနီးပါး ပြုတ်ထွက်သွားအောင် တိုက်ခိုက်ခံရသလို စစ်သား ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ဖြူးမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရ…

ပဲခူးတိုင်း၊ ဖြူးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၁ ယောက် သေဆုံးကာ ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသ ၊ အမှတ်(၂)စစ်ဒေသခွဲက ထုတ်ပြန်ပါတယ်။
Read More

၂၀၂၇ ခုနှစ်တွင် KNDO ဌာနချုပ်ကို ဌာနချုပ်ဟောင်းနေရာဖြစ်သည့် ရန်ကုန် (အင်းစိန်) တွင် ပြန်လည်တည်ဆောက်မည်ဟု KNDO စစ်ဦးစီးချုပ် ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU) ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ၁ ခုဖြစ်တဲ့ ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ရဲ့ ဌာနချုပ်ကို တည်နေရာဟောင်းဖြစ်တဲ့ ရန်ကုန်တိုင်း၊ အင်းစိန်မြို့မှာ ပြန်လည်တည်ဆောက်မယ်လို့ KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောရှီးလေ က ပြောဆိုခဲ့တယ်လို့ KNDO ဌာနချုပ်သတင်းတွေအရ သိရပါတယ်။
Read More

ထီးလင်းမှာ အကြမ်းဖက်စစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်မှုအတွင်း ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျောက်ထုမြို့က ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ၄ ရက်တာ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၂၄ ယောက် သေဆုံးပြီး ၁ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Yaw Army – YA တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၂) ဦး ထိခိုက် သေဆုံး၊ နေအိမ် (၁)လုံးနှင့် ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး နေအိမ် (၁)လုံးနဲ့ ဂိုဒေါင် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ဒီနေ့ ထုတ်ပြန်ပါတယ်။