စစ်ကောင်စီဟာ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို ရာထူးတာဝန်တွေကနေ ဖယ်ရှားလိုက်ပြီးနောက် နန်းတွင်း စစ်ကြောရေးမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ဆင်ရေးရောက်ရှိနေတဲ့ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်ကို ဖားကန့်မှာ စစ်ရေးစိုးမိုးထားနိုင်သယောင် သတင်းလိမ်လည်တင်ပြမှုနဲ့ ကိုယ်ကျိုးရှာစီးပွားရေး လုပ်ဆောင်မှုတွေအတွက် ရာထူးတာဝန်ကနေ ဖယ်ရှားကာ အရန်အင်အားပြောင်းရွှေ့  စစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

“တပ်မ ၃၃ ခြေမြန်ဌာနချုပ်ရဲ့ တပ်မမှူးကိုပေါ့နော်.. ဖားကန့် တပ်မကုန်းကနေ မြစ်ကြီးနားကို အရင်ခေါ်တယ်။ ခေါ်ပြီးကာမှ မန္တလေး နန်းတွင်း စစ်ကြောရေးမှာ တွဲဖက်ထားပြီးတော့ အရန်အင်အားကိုလည်း ပို့လိုက်တယ်။ ပြီးရင် စစ်ကြောရေးတွေ လုပ်နေတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းကို ပြောပါတယ်။ 

အခုလို စစ်ကောင်စီက တပ်မမှူး ကျော်ဆက်မြင့်ကို စစ်ကြောရေးလုပ်နေတာဟာ ဖားကန့်ဒေသကို စစ်ရေးစိုးမိုးထားသယောင် သတင်းလိမ်လည် တင်ပြမှုနဲ့ ကိုယ်ကျိုးစီးပွါး လုပ်ဆောင်နေမှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ 

တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်

ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီး “သူကတပ်တွေ လိမ်တာတွေလည်း ရှိတယ်။ ပြီးတော့ စစ်ရေးဖြစ်စဉ်တွေ ထိန်ချန်တာတွေရှိတယ်။ အဓိကကတော့ ကျောက်တူးတာတွေ၊ ရွှေရှာတဲ့ဟာတွေမှာ တရားမဝင် စီးပွားရေးလုပ်နေလို့ စစ်ကြောရေးလုပ်နေတာလို့ သိရတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် နေရာမှာ တပ်မမှူးအသစ်အဖြစ် စစ်ဦးစီးတက္ကသိုလ်က ဗိုလ်မှူးကြီး ကောင်းမင်းထွဋ်ကို ခန့်အပ်ထားတယ်လို့ ကနဦးသိရပါတယ်။ 

“အရန်အင်အား သွင်းထားပြီဆိုတော့ ပြုတ်ဖို့တော့ နီးနေပါပြီ။ ထောင်ကျခြင်း၊ မကျခြင်းကတော့ သူ့ထွက်ဆိုချက်အပေါ် မူတည်နေပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် နည်းတူ တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော်ကိုလည်း စစ်ကောင်စီက ရာထူးကနေ ဖယ်ရှားပစ်လိုက်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသည့် အရပ်သား ၇၁ ဦး ရှိဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သားပြည်သူ ၇၁ ယောက် ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထန်တလန်မြို့သိမ်းတိုက်ပွဲမှာ CDF စစ်ဦးစီးချုပ် ကျဆုံးခဲ့ရ

ချင်းပြည်နယ်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ အားထားရတဲ့ စစ်ဦးစီးချုပ် ကျဆုံးခဲ့တယ်လို့  ချင်းကာကွယ်ရေးတပ် CDF ထံက သိရပါတယ်။
Read More

သပိတ်ကျင်း ၇ မိုင် ကျေးရွာတွင် တိုက်ပွဲဖြစ်နေ၊ စစ်ကောင်စီက အဆက်မပြတ် လေကြောင်းတိုက်ခိုက်ကာ နှစ်ဖက်ကျဆုံးမှုများရှိနေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းရော မြေပြင်ကပါ ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။
Read More

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့…

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၆၅) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ဖွဲ့စည်းတည်ထောင်ခြင်းနေ့ ကို ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ CRPH ရဲ့ သဝဏ်လွှာထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ မဟာမိတ်တွေရရှိခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေ၊ စစ်ရေးအရ သိသာထင်ရှားတဲ့ အောင်ပွဲတွေနဲ့ နယ်မြေထိန်းချုပ်မှု ရရှိထားနိုင်မှုတို့အတွက် ဂုဏ်ယူလေးစားတယ်လို့ ဖော်ပြထားပါတယ်။
Read More

ဖားကန့်၊ မှော်စီစာရွာ လမ်းမကြီးပေါ်တွင် သေနတ်ဒဏ်ရာဖြင့် အမျိုးသား ၂ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်စီစာရွာ လမ်းမကြီးပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ဦးကို အုပ်ထိန်းသူများထံ အပ်နှံ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ တအာင်းတပ်မတော် (TNLA) နဲ့ ဂေါ်ရခါးလူမျိုးတို့ တွေ့ဆုံဆွေးနွေးပွဲအပြီး ဂေါ်ရခါးလူမျိုး ၈၄ ယောက်ကို အုပ်ထိန်းသူတွေဆီ အပ်နှံခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။