ဂျပန်နိုင်ငံရှိ မြို့တော် တိုကျိုအပါအဝင် မြို့ကြီး ၄ မြို့မှာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကူညီနေတာတွေ ရပ်တန့်ဖို့နဲ့ မြန်မာ့အရေး ဝင်ရောက်မစွက်ဖက်ဖို့ တရုတ်အစိုးရကို ချီတက်ဆန္ဒပြခဲ့တယ်လို့ NUG Support Team Japan က မနေ့က ထုတ်ပြန်ပါတယ်။

ဂျပန်နိုင်ငံရှိ တိုကျို၊ အိုဆာကာ၊ နာဂိုယာနဲ့ ရှီဇူအိုကာမြို့တွေမှာ ဂျပန်ရောက်မြန်မာတွေက မြန်မာပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို ထောက်ခံကာ မြန်မာ့ပြည်တွင်းရေးကို ဗြောင်ကျကျ ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေကို အလွန်အကျွံ ဖိအားပေးနေတာတွေကို ရပ်တန့်ဖို့ လမ်းလျှောက်ဆန္ဒပြခဲ့တယ်လို့ ဆိုပါတယ်။

‌ဆန္ဒပြသူတွေဟာ မြန်မာပြည်သူတွေရဲ ဆန္ဒကိုအလေးထားဖို့ ၊ မြန်မာ့အရေး ဝင်မပါဖို့ ၊ ငါတို့အနာဂတ် ငါတို့ဆုံးဖြတ်မယ်၊ အကြမ်းဖက်အဖွဲ့ မြန်မာစစ်တပ်ကို ထောက်ခံမှုတွေ ရပ် စတဲ့ စာသားတွေ ပါဝင်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒထုတ်​ဖော်ခဲ့တယ်လို့ သိရပါတယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒတွေကို မျက်ကွက်ပြုပြီး အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံနေတာဟာ ဘန်ဒေါင်းသဘောတူညီချက်ကို ချိုးဖောက်နေတာဖြစ်တယ်လို့လည်း NUG Support Team Japan က ဆိုပါတယ်။

တရုတ်အစိုးရရဲ့လုပ်ရပ်တွေကို ကန့်ကွက်တဲ့ စာကိုလည်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဇွန်လ ၆ ရက်မှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံ NUG Support Team Japan)

0 Shares:
You May Also Like
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းဦး ဦးဆောင်တဲ့အဖွဲ့က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပိတ်ဆို့မှုတွေ ရှောင်ရှားပြီး နိုင်ငံတချို့ စစ်ကောင်စီကို လေယာဉ်ဆီ တင်သွင်းပေးနေ

နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးရေးအပိုင်းမှာ အဓိက ပါဝင်နေတဲ့ မြန်မာ့ရေနံဓါတုလုပ်ငန်း (MPE)နဲ့ ဆက်ဆံရေး အားလုံးကို ချက်ချင်းရပ်ဆိုင်းပေးဖို့  Blood Money  အဖွဲ့က တောင်းဆိုလိုက်ပါတယ်။  
Read More

One Friday Fight ပွဲစဉ်တွေမှာ မြန်မာလက်ဝှေ့ကစားသမား ၅ယောက်အထိပါဝင်မယ်

ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
Read More

မြန်မာခရိုနီတချို့အပေါ် အရေးယူပိတ်ဆို့မှု ရုပ်သိမ်းတာဟာ မင်းအောင်လှိုင်ရဲ့ပြန်စာနဲ့ မဆိုင်ဘူးလို့ အမေရိကန်ပြော

“ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ဟာ အရင်အစိုးရလက်ထက်က စတင်ခဲ့တဲ့ ရှည်လျားတဲ့ လုပ်ငန်းစဉ်ကို ထင်ဟပ်စေပါတယ်” "ဒီဆုံးဖြတ်ချက်တွေနဲ့ စာကြားမှာ ဆက်စပ်မှုမရှိပါဘူး" လို့ ၎င်းက ဆိုပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ဂျပန် ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို NUG ကိုယ်စားလှယ် တက်ရောက်

ဂျပန်နိုင်ငံမှာ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးတဲ့ ပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့ နှစ်ပတ်လည် ညီလာခံကို ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုယ်စားလှယ် ဦးစောဘလှသိန်းနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ဘန်ကောက်မှာ သုံးပြီးသား Vape များ ပြန်ရောင်းသည့်လုပ်ငန်းမှ မြန်မာ ၅ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တရားမဝင် Vape ထုတ်လုပ်ရေးနေရာအဖြစ် အသုံးပြုနေတဲ့ အငှားအိမ်တစ်လုံးကို ထိုင်းရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၂ ယောက်နဲ့ မြန်မာနိုင်ငံသား ၅ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။