စစ်ကိုင်းမြို့ကို ဦးတည်လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့၊ အိုးဘိုအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၄၉ ယောက် အဆောက်အအုံပိသေဆုံးခဲ့ရပြီး ဒီဖြစ်စဥ်အပေါ် စစ်ကောင်စီဘက်က သတင်းအမှောင်ချဖုံးကွယ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

ဇွန်လ ၇ ရက် ဒီနေ့ ထုတ်ပြန်လိုက်တဲ့ PPNM ရဲ့ ထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကြောင့် အိုးဘိုအကျဥ်းထောင်မှာ အကျဥ်းသားနေထိုင်ရာ အဆောက်အဦးတွေ ပြိုကျပျက်စီးပြီး ထိခိုက်သေဆုံးသူ စုစုပေါင်းအယောက် ၇၀ ကျော်အထိ ရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါထိခိုက်သေဆုံးမှုတွေကို စစ်ကောင်စီဘက်ကသာ ဖုံးကွယ်မထားရင် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကူညီကယ်ဆယ်ရေးတွေဘက်က ထောက်ပံ့ကူညီမှုတွေ တစ်ပြိုင်နက်တည်း လုပ်ဆောင်ပေးနိုင်ခဲ့မှာဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

လက်တွေ့မှာတော့ ငလျင်ဒဏ်ဖြစ်စဥ်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေကို အုတ်နံရံလေးဖက်ထဲ သတင်းအမှောင်ချထားခဲ့တာကြောင့် ပြင်ပနေ မိသားစုဝင်တွေနဲ့ မိတ်ဆွေအသိုင်းဝိုင်းတွေအဖို့ ဖြစ်စဉ်အမှန်တွေ မသိရှိခဲ့ရပဲ ကျဆုံးသွားသူတွေအတွက် ရက်လည်ဆွမ်းကျွေးပါ မလုပ်ဆောင်ရသေးကြောင်း သိရပါတယ်။

အကျဥ်းသားတွေ စုပြုံသေဆုံးခဲ့ရတဲ့ဖြစ်စဥ်ဟာ အင်အားပြင်း ငလျင်ဒဏ်ကြောင့်သာမကပဲ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ အကျဉ်းထောင်အဆောင်တွေထဲ လူထူထပ်အောင် ဖမ်းဆီးထားတာကြောင့်လို့လည်း ကိုသိုက်ထွန်းဦး က ပြောပါတယ်။
“အထူးသဖြင့် အာဏာမသိမ်းခင်ကတည်းကအဆောင်တွေကအိုဟောင်းနေပါပြီ။ အာဏာသိမ်းပြီးတော့ နိုင်ငံရေးအကျဥ်းသားတွေအများကြီးစုပြုံပြီးထည့်ထားတယ်။ ဒီတော့ ငလျင်ကြောင့်ဆိုတာထက်အဆောက်အအုံခိုင်ခန့်မှုမရှိတာကို လူတွေစုပြုံပြီးထည့်ထားတာမို့ စီမံခန့်ခွဲမှုညံ့ဖျင်းတာလို့ပြောချင်ပါတယ်။” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းသတင်းဌာနကို ပြောပါတယ်။

ငလျင်ဒဏ်အတွင်း အိုးဘိုအကျဥ်းထောင်အတွင်းကအဆောင် ၂၊ အဆောင် ၃၊ အမျိုးသမီး ၁ ဆောင်၊ အလုပ်ရုံဆောင်နဲ့ ဆေးရုံဆောင်တွေ ပြိုကျပျက်စီးခဲဲ့ပြီး လူထိခိုက်သေဆုံးမှုတွေ များခဲ့တာ ဖြစ်ပါတယ်။

အဆောက်အအုံပြိုကျမှုကြောင့် နိုင်ငံရေးအကျဥ်းသား ၄၉ ယောက်သေဆုံးခဲ့တဲ့အထဲ အမျိုးသား ၃၁ ယောက်နဲ့ အမျိုးသမီး ၁၈ ယောက်ပါဝင်ခဲ့ပြီး နာမည်မှတ်တမ်းဇယားနဲ့တကွ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိလည်း အိုးဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေအတွက် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတာကြောင့် လူ့အခွင့်အရေးနဲ့တရားမျှတမှုကို ဖော်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေဘက်က ထောက်ပံ့ကူညီမှုတွေဆောင်ရွက်ပေးစေလိုတယ်လို့ PPNM က တိုက်တွန်းထားပါသေးတယ်။

ပုံစာ – စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ဝန်ထမ်းများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

အာဏာသိမ်းစစ်တပ်မှာ တိုက်ခိုက်နိုင်စွမ်းရော တိုက်ခိုက်လိုစိတ်ပါ အားနည်းနေကြောင်း စစ်သုံ့ပန်း ဒုဗိုလ်မှူးကြီး ဝန်ခံ

စစ်ကောင်စီတပ်ရဲ့ အောက်ခြေစစ်သားတွေဟာ လေ့ကျင့်ရည်ရော စိတ်ဓာတ်ရေးရာပါ အားနည်းနေကြောင်းကို အာရက္ခတပ်တော် (AA) ထံ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်သက်က ဝန်ခံပြောဆိုခဲ့ပါတယ်။ 
Read More

အာဏာသိမ်းစစ်တပ် ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိနေတဲ့ ကယားပြည်နယ်ခန်းမကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ ကယားပြည်နယ်ခန်းမအတွင်းကို စစ်ကောင်စီရဲ့ ဒုခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်း ရောက်ရှိကာ ညစာစားပွဲကျင်းပနေချိန် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ထံက သိရပါတယ်။ 
Read More

မင်္ဂလာဒုံ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံး ၃ လုံး ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်နဲ့ လေတပ်ဝန်းထဲကို မစ်ဇိုင်းဒုံးတွေ ပစ်ခတ်တိုက်ခိုက်တာဟာ ပြည်ပထွက်ခွာမယ့် လူငယ်တွေကို နည်းမျိုးစုံနဲ့ ငွေညှစ်မှု ပိတ်ပင်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီကို တုံ့ပြန်တာဖြစ်တယ်လို့ Shawdow SAF အဖွဲ့က ပြောပါတယ်။
Read More

စစ်ကောင်စီက ကျုံပျော်အခြေစိုက်တပ်မှာ လေ့ကျင့်နေတဲ့ စက်တပ်လေထီးတွေနဲ့ ရခိုင်ဒေသကို သွားရောက်ဗုံးကြဲနေ

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ထဲမှာ လေ့ကျင့်ရေးပြုလုပ်နေတဲ့ စက်တပ်လေထီးတွေကို အသုံးပြုပြီး စစ်ကောင်စီက ရခိုင်ဒေသကို သွားရောက် ဗုံးကြဲနေကြောင်း ခလရ ၃၆ တပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။
Read More

ထားဝယ်ခရိုင် ရဲမှူးရုံးမှ ဒုရဲအုပ်တစ်ဦး လက်နက်နှင့် အလင်းဝင်

အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်တစ်ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ကာ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စု ဒရုန်းနဲဲဗုံးကြဲပြီး မီးရှို့လို နေအိမ် အလုံး ၇၀၀ ကျော် ပျက်စီးဆုံးရှုံးကာ စစ်ရှောင်ဒေသခံတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ၂ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း မီးရှိခဲ့တဲ့အတွက် ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ် ၇၀၀ နီးပါး ပျက်စီးဆုံးရှုးခဲ့ရတယ်လို ကန့်ဘလူ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲက ပြောပါတယ်။