စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇွန်လ (၆)ရက် မနေ့က ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာရှိ ပျူလက်နက်ကိုင်တစ်ယောက်က G3 (၁)လက်၊ ကျည်ဘောက်(၃)ခု၊ G3ကျည် (၉၂)တောင့်တို့ကိုယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အလင်းဝင်ရောက်လာတဲ့ ပျူစောထီးကို ဂုဏ်ပြုဆုငွေ ထိုက်သင့်သလောက် ချီးမြှင့်ခဲ့ပြီး အလင်းဝင်လာသူနဲ့အတူ ပါလာတဲ့ မိသားစုဝင်တွေကိုလည်း လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်ထားတယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ဆိုပါတယ်။

စစ်အာဏာရှင် အမြစ်ဖြတ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အမြန်ဆုံး အလင်းဝင်ရောက်ဖို့ လိုအပ်သလို အချိန်မရွေး ဆက်သွယ် အလင်းဝင်ရောက်ဖို့ ဖိတ်ခေါ်ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ဖြူးလမ်းမကြီးဘေး ကျေးရွာများတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ရဲနှင့်စစ်သား ၈ ဦး​ သေပြီး ၃ ဦးထက်မနည်း ဒဏ်ရာရ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ ဖြူးလမ်းမကြီးဘေး လေးအိမ်စုရွာတို့မှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲ၂ရက်ဆက်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ရဲနဲ့စစ်သား ၈ယောက်သေကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ PDF တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဘယ်တော်လှန်ရေးအဖွဲ့ကိုမှ မကြောက်ဘူးဟု စိန်ခေါ်သည့် စစ်တပ်သတင်းပေး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းတောင်ပိုင်းရှိ မြို့နယ်များအား ယောဒေသမှတဆင့် စစ်အုပ်စု အင်အားအလုံးအရင်းသုံး ချဥ်းကပ်လာနေ

အကြမ်းဖက် စစ်ကော်မရှင်တပ်တွေဟာ မကွေးတိုင်း ယောဒေသကတဆင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးစားလာနေတာကြောင့် မကွေးတိုင်းထဲကနေ ကန်ပက်လက်မြို့နယ်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ယာယီပိတ်ထားကြောင်း CDF - Kanpetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ရက်) မှာ ထုတ်ပြန်လာပါတယ်။
Read More

BPLA မွေးနေ့အခမ်းအနားကို TRI ဗျူဟာမှူး တက်ရောက် ဂုဏ်ပြုစကားပြောကြား

ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI ဗျူဟာ) ရဲ့ ဗျူဟာမှူးက အမှတ် (၃၀၈) အညာစစ်ဒေသရှိ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ (၄) နှစ်ပြည့် မွေးနေ့အခမ်းအနားကို တက်ရောက်ကာ ဂုဏ်ပြုစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်၊ စစ်သား ၇ ဦးထက်မနည်း သေပြီး စစ်သုံ့ပန်း ၂၂ ဦးနှင့် လက်နက်အများအပြား သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၇ ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၂၂ ယောက်နဲ့ လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။