တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်း နယ်မြေရှင်းဖို့ လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ယောက်သေဆုံးကာ ၁၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေါနစစ်ကြောင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂ ရက် မနက်ပိုင်းက ရေဖြူမြို့နယ် မင်းသားကျေးရွာအုပ်စု ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့ တော်လှန်ရေးပူးပေါင်းတပ်တွေ လာရောက်စဉ် နယ် မြေ ရှင်းလင်းဖို့ထွက်လာတဲ့ အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေက လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက်ထက်မနည်း သေဆုံးပြီး ၁၃ ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၃၀ ကြာ ဖြစ်ပွားပြီး စစ်ကောင်စီတပ်သားတွေ ပြန်လည်ပစ်ခတ်ချိန်မရဘဲ ကစဉ့်ကလျား ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

အဲဒီနောက် ဆင်စွယ်ကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ၆၀ မမ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို ဒေါနစစ်ကြောင်း(၃)-KBDF၊LPF ၊ ဒေါနစစ်ကြောင်း (၂)- YGF ၊ MSRF ၊ NMSP (AD)RMA နဲ့ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရဲ‌ဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video – Kanbauk Defense Force

0 Shares:
You May Also Like
Read More

စစ်အာဏာရှင်စနစ်ကို တွန်းလှန်းတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၆ ဆက်သွယ်ရေးတပ်ဖွဲ့မှူး ရဲဘော်သာထူးရဲ့ နာရေးစျာပနမြင်ကွင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်အတွင်း အင်မထီးပျူစခန်းကို ကာကင်းစောင့်ပွင့်ယူနေ စဉ် ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၆ ရဲ့ ဆက်သွယ်ရေးတပ်ဖွဲ့မှူး သာထူး (ခေါ်) ဘုတ်ဆုံမ ရဲ့ နာရေးစျာပနကို ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မိုင်းငေါ့မြို့ထဲကို စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်၊ ဆိုင်ခန်းတွေ ပျက်စီးပြီး ပြည်သူ ၂ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုင်းငေါ့မြို့ထဲကို စစ်ကော်မရှင်က ညအချိန် လေကြောင်းကနေ ဗုံး ကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ TNLA မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်းလေ့ကျင့်ရေးပုံရိပ်များ (ရုပ်/သံ)

အမျိုးသားတွေတန်းတူ စစ်ရေးလေ့ကျင့်နေကြတဲ့ S.O.F အပတ်စဉ် ၆ က အမျိုးသမီးရဲမေတွေရဲ့ စစ်သင်တန်း လေ့ကျင့်ရေးပုံရိပ်တွေကို အခုလိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
Read More

မတရား ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့၏ တရားခွင် ရုပ်သံဖိုင် ထွက်ပေါ်လာ (ရုပ်/သံ)

မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ တရားရင်ဆိုင်နေရတဲ့ CCTV ရုပ်သံဖိုင်ကို ဂါဒီယန်းသတင်းမှာ ဖော်ပြလာပါတယ်။
Read More

ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၇ ဦး ပွဲချင်းပြီးသေ (ရုပ်/သံ) 

တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၈၀ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။
Read More

ချီဗွေမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ချီမွေမြို့ရှိ အကြမ်းဖက်စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတွေက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စက်တင်ဘာ ၂၉ ရက်က ချီဗွေမြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါ တယ်။