မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှာ စစ်အုပ်စုတွေလိုက်ပါလာတဲ့ ကား၂ စီးကို စောင့်ကြိုတိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင်ဖြစ်သူအပါ ၄ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်း တာဝန်ခံက မောင်းကို ပြောပါတယ်။

ဇွန်လ ၁ရက်နေ့၊ မနက်အစောပိုင်းက ဆင်မင်းကျေးရွာဆီ တာဝန်နဲ့ပြောင်းလာတဲ့ ပျူစောထီးခေါင်းဆောင် ကျော်စိုးနိုင်နဲ့ အဖွဲ့သားတွေကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက လမ်းပိုင်းတစ်နေရာကနေ အသင့်စောင့်ကြိုတိုက်ခိုက်ရင်း နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့တာပါ။

အင်အား ၈ ယောက်ပါ ပျူစောထီးတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်တွေကြား အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ရှိခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က ခေါင်းဆောင်ဖြစ်သူ ကျော်စိုးနိုင်အပါ ၄ ယောက် သေဆုံးခဲ့တယ်လို့သိရပါတယ်။

“ဆင်မင်းရွာကို တာဝန်နဲ့ပြောင်းလာတယ် ပြောရမှာပေါ့။ သူက ပခုက္ကူသား၊ တပ်မ ၁၀၁ရဲ့လက်အောက်ခံ ပျူခေါင်းဆောင်ပါ။ မောင်းလာတဲ့ စမတ်ကီး ကားတွေလည်း ထိခိုက်ပျက်စီးတယ်။ မောင်းမရဘူး။ ကရိန်းနဲ့ မ ရတယ်။ သေတာက ကျော်စိုးနိုင်နဲ့အတူ နောက်ထပ် ၃ယောက်ပါ” လို့ ပခုက္ကူခရိုင် အမှတ် (၁၆) တပ်ရင်း တာဝန်ခံက မောင်းကို ပြောပါတယ်။

ပျူစောထီးကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ပြီးနောက် သိမ်းဆည်းရရှိသည့်လက်နက်များနှင့် PDF တပ်ဖွဲ့ဝင်များ

ဒါ့အပြင် MA3 သေနတ် ၁ လက်နဲ့အတူ ပစ္စတို ၁လက်၊ ဖုန်း (၄) လုံး၊ ခဲယမ်းတွေနဲ့ ငွေသား၃၁သိန်းကို တော်လှန်ရေးအဖွဲ့ဝင်တွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

အဆိုပါ ပျူစောထီးကားတွေကို ပခုက္ကူခရိုင်အမှတ် (၁၆) တပ်ရင်းနဲ့အတူ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗိုလ်ကလယ်တပ်ပေါင်းစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကလည်း ပခုက္ကူမြို့နယ် ချည်မျှင်ဂိတ်ကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ယောက် ထိခိုက်ခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီနေ့တစ်ရက်တည်းမှာပဲ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံရွာက အကြမ်းဖက်စစ်အုပ်စုတွေရှိရာကို ဒရုန်းနဲ့ ဗုံးသီး ၈ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း ၁၆ က ထုတ်ပြန်ထားပါတယ်။

ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကိုတော့ ပခုက္ကူခရိုင် တပ်ရင်း (၁၆) နဲ့အတူ မြင်းခြံခရိုင်တပ်ရင်း (၁)၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗိုလ်ကလယ်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

 

0 Shares:
You May Also Like
Read More

ကန်နီရွာအတွင်း ပိုက်ဆံအစား သူ့တံဆိပ်တုံးပါ စက္ကူကို သုံးခိုင်းသည့် ပျူခေါင်းဆောင် လက်အောက်ငယ်သားတွေကို ရိက္ခာဖြတ်ထား

မကွေးတိုင်း၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ်မှာ ပိုက်ဆံကို မိတ္ထူဆွဲသုံးခိုင်းတဲ့ ကန်နီရွာ ပျူစောထီးခေါင်းဆောင်ဟာ လက်အောက်ငယ်သားတွေကို ဆန်ပြုတ်တောင် နပ်မှန်အောင်မတိုက်နိုင်တော့ဘဲ ရိက္ခာ ဖြတ်တောက်ထားတယ်လို့ ဒေသတွင်း တော်လှန်ရေးရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးရဲ့ နာမည်ကျော် စျေးချို တောင်/မြောက်တိုက်တန်းကြီးမှ အဆောက်အအုံများကို ဖျက်သိမ်းမည်

ငလျင်ဒဏ်သင့်ခဲ့တဲ့ မန္တလေးရဲ့ နာမည်ကျော် စျေးချိုတော်ရဲ့ နေရာအချို့မှာ ကြံ့ခိုင်မှု အားနည်းနေတာကြောင့် ဖျက်သိမ်းမှုတွေ ပြုလုပ်သွားမယ်လို့ စျေးအကျိုးတော်ဆောင်အဖွဲ့တွေထံက သိရပါတယ်။
Read More

အာဏာသိမ်းစမှ ယနေ့အထိ စစ်အုပ်စုကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် ပြည်သူစုစုပေါင်း ၇ ထောင်ကျော် သေဆုံးခဲ့ 

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စု အာဏာသိမ်းမှု အစကနေ ဒီနေ့အချိန်ထိ အကြမ်းဖက်စစ်အုပ်စုနဲ့ သူ့လက်ပါးစေတွေကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုစုပေါင်း (၇၁၁၇) ယောက် ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တမူးမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ကာကင်းစခန်း တိုက်ခိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။
Read More

ပုသိမ်ကြီးတွင် စစ်ကောင်စီ လေကြောင်းရော လက်နက်ကြီးပါ ဆက်တိုက်ပစ်ခတ်နေ၊ စစ်ရှောင် ဒဟတ္တော အရပ်သားများကိုလည်း ရွာအတွင်းအဝင်မခံဘဲ နှင်ထုတ်နေ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရှောင်အရပ်သားတွေကို ရွာထဲပေးမဝင်ဘဲ မောင်းထုတ်နေကြောင်း Voice Of Mandalay တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။
Read More

၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် 96 Soldiers PDF – တောင်ပိုင်းတိုင်း ရဲဘော်တွေ ဓာတ်ပုံကမ်ပိန်း ပြုလုပ်

ဒီနေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် 96 Soldiers PDF - တောင်ပိုင်းတိုင်းက ရဲဘော်တွေဟာ အွန်လိုင်းဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။