ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးစစ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၁၂၀ မမ လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေ့ဘောဘိုးစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၂ ရက်က စတင်ပိတ်ဆို့တိုက် ခိုက်ခဲ့ရာ မနေ့ ဇွန်လ ၃ ရက် ညပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က စစ်စခန်းမကျစေရေး လေကြောင်းနဲ့ ပစ်ကူပေးခဲ့သလို ဝေါလေ ဗျူဟာနဲ့ ဥကရစ်ထစခန်းကနေပါ လက်နက်ကြီး ပစ်ကူတွေကြားကနေ တော်လှန်ရေးပူးပေါင်း တပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ သေ့ဘောဘိုး ပူပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ၊ မယ်လစခန်း၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနဲ့ ရွှေအေးမြိုင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

Video – ThunderKawthoolei

0 Shares:
You May Also Like
Read More

ကျောက်မဲမြို့ နောင်ပိန်ရွာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကားသေး ၁ စီးနှင့် ၆ ဘီးကား ၁ စီး ရေထဲမျောပါပြီး လူ ၂ ဦး ပျောက်ဆုံးနေ (ရုပ်သံ)

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ နောင်ပိန်ရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဟွန်ဒါဖစ်ကား ၁ စီးနဲ့ ၆ ဘီးကား ၁ စီး ရေထဲမျောပါသွားကာ လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

Justice Soldier PDF အပတ်စဉ် ၁၀ (လင်းယုန်အပတ်စဉ်) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ရုပ်/သံ)

Justice Soldier PDF ရဲ့ အပတ်စဉ် ၁၀ (လင်းယုန်အပတ်စဉ်) အခြေခံစစ်ပညာသင်တန်းဆင်း ပွဲအခမ်းအနားကို မတ်လ ၅ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ဖားဆောင်းအခြေစိုက် ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံ KNDF ထုတ်ပြန် (ရုပ်/သံ)

ကရင်နီပြည်နယ် ဖားဆောင်းမြို့ရှိ စစ်ကော်မရှင်ရဲ့ ခလရ ၁၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ တဲ့ မှတ်တမ်းရုပ်သံကို KNDF မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မူဆယ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်တစ်စု ဝင်ရောက်ဓားပြတိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် မူဆယ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို ဖေဖော်ဝါရီ ၇ ရက် မနေ့က လက်နက်ကိုင်အမျိုးသား ၄ ယောက်ဝင်ရောက်လာကာ ဓားပြတိုက်မှု ဖြစ်ပွားသွားခဲ့တယ်လို့ သိရပါတယ်။
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။
Read More

ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ ရွေးကောက်ပွဲအတုလုပ်လည်း တော်လှန်ရေးက ဆက်ချမယ်

ဟိတ် !! ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး၊ ရွေးကောက်ပွဲအတုလုပ်လည်း တော်လှန်ရေးက ဆက်ချမယ်