ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးစစ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ၁၂၀ မမ လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေ့ဘောဘိုးစစ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၂ ရက်က စတင်ပိတ်ဆို့တိုက် ခိုက်ခဲ့ရာ မနေ့ ဇွန်လ ၃ ရက် ညပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က စစ်စခန်းမကျစေရေး လေကြောင်းနဲ့ ပစ်ကူပေးခဲ့သလို ဝေါလေ ဗျူဟာနဲ့ ဥကရစ်ထစခန်းကနေပါ လက်နက်ကြီး ပစ်ကူတွေကြားကနေ တော်လှန်ရေးပူးပေါင်း တပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်စခန်းတွေ ဖြစ်တဲ့ သေ့ဘောဘိုး ပူပူလူတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊ တာလယ်ဗျူဟာ၊ မယ်လစခန်း၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနဲ့ ရွှေအေးမြိုင်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်။

Video – ThunderKawthoolei

0 Shares:
You May Also Like
Read More

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ ကနဲလေးစခန်းကနေ ၁၂၀ မမ လက်နက်ကြီး ၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ (ရုပ်/သံ)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် စစ်ကောင်စီရဲ့ ကနဲလေးစခန်းသိမ်းပိုက်ရရှိခဲ့ အတွင်း ၁၂၀ မမ လက်နက်ကြီး၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါ တယ်။
Read More

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရမုတ်ဖြင့် ထိန်းချုပ်နိုင်သည့် ကားကို ထုတ်ဖော်ပြသ (ရုပ်/သံ)

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရမုတ်နဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ကားကို ထုတ်ဖော်ပြသလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံရအပြီး လုပ်သားထောင်ချီ နေရပ်ပြန် (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမားများ တိုက်ခိုက်ခံလာရခြင်းနဲ့အတူ ထောင်ချီတဲ့ ကမ္ဘောဒီးယားလုပ်သားတွေဟာ နေရပ်ပြန်လျက်ရှိပါတယ်။
Read More

လယ်ယာလုပ်ကိုင်သူတွေကို ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်အုပ်စု ဗုံးကြဲခံရပြီး ၁ယောက်သေ၊ ၈ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း လယ်ယာလုပ်ကိုင်နေတဲ့ ပြည်သူတွေကို လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂၄ ရက်မှာ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Dragon Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူခရိုင် ပကဖ၊ ခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း) ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ခရိုင် လှုပ်ရှားတိုက်ခိုက်ရေးတပ်၊ တပ်ခွဲ-၅ (ဧရာဒေါင်း)  ရဲ့ အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၁ ရက်က လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။