မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့ပေါ်ရှိ စစ်ကောင်စီရဲ့ မြေစာရင်းရုံး၊ အခွန်ရုံး၊ အမှတ်(၂)ရပ်ကွက်နဲ့ တောင်သာမြို့ အနောက်ဘက်အထွက်ရှိ ဇဂျမ်းဂိတ်စခန်းတို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၉)ရက် နေ့လယ်ပိုင်းက တောင်သာမြို့အနောက်ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ ဇဂျမ်းဂိတ်ကို RPG – 7 နဲ့ စတင်ပစ်ခတ်ခဲ့ပြီး ကျ‌န်တစ်ဖက်ကနေ မြို့ထဲ‌ဝင်ရောက်ကာ ပြည်သူပိုင်မြေတွေကို အတူတူ သိမ်းပိုက်နေတဲ့ အခွန်ရုံးနဲ့ မြေစာရင်းရုံးကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် အမှတ် ၂ ရပ်ကွက် ဥက္ကဌ ကို ဝင်ရောက်ဖမ်းဆီးခဲ့ပေမယ့် ထွက်ပြေးလွတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်တွေ တောင်သာ မြို့ပေါ်အထိ ဝင်ရောက်လှုပ်ရှားချိန်မှာ စစ်ကောင်စီတပ်တွေက ပြန်လည်ပစ်ခတ်တာတွေမရှိဘဲ အထိုင်စခန်းတွေမှာသာ အသင့်အနေအထားနဲ့ ရှိနေတယ်လို့ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၁) တပ်ရင်း တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနား

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင်-ကယား(ကရင်နီ)တိုင်းစစ်ဒေသ ဗျူဟာအမှတ်(၁၄) ကွပ်ကဲရေးအောက်ရှိ အမှတ်(၁၀၀၁) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ၄ နှစ်ပြည့်ပြီ ဖြစ်တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူးတိုက်ပွဲကို ခိုးကြောင်ခိုးဝှက် ပို့ဆောင်ခံရသူတွေထဲက ဗိုလ်မှူး ဖြိုးကိုကိုဦး ထပ်မံသေဆုံးကြောင်း သတင်းထွက်လာပြီးနောက် တပ်အတွင်း တင်းကျပ်မှုတွေ ပိုများလာ

ပင်လည်ဘူးမြို့ကို ပို့ဆောင်ခံရတဲ့ ဂန့်ဂေါ ခလရ ၅၀ တပ်က စစ်ကောင်စီအဖွဲ့ဝင်တွေထဲ 2IC အဆင့်ရှိသူ ဗိုလ်မှူးဖြိုးကိုကိုဦး ဆေးကုသခွင့်မရတဲ့ ဒဏ်ရာနဲ့သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပြီး တပ်တွင်းတင်းကြပ်တာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

တံတားဦးမှာ ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ ပျူခေါင်းဆောင် ချစ်ဝင်းကို ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ ပြည်သူတွေကို ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ထံက သိရပါတယ်။ 
Read More

ချောင်းဦးတွင် စစ်ကောင်စီတပ်များ တစ်ရက်အတွင်း ၃ ကြိမ်ဆက် တိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာစစ်ကောင်စီတပ်တွေကို တစ်နေ့တည်း မိုင်းခွဲတိုက်ခိုက်တာအပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေပါ လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ အပတ်စဥ် (၇) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့က ကြီးမှူးကျင်းပခဲ့တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၇) သင်တန်းဆင်းပွဲ အခမ်းအနားကို ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ရဲ့ ယာယီဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေ ဒုတိယအကြိမ် တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့ကို PDF ပူးပေါင်းတပ်တွေက ဒုတိယအကြိမ်အဖြစ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေးရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။