အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘေးဧရိယာ၊ ယူနီယံစီးတီး၊ မြန်မာကွန်မြူနီတီစင်တာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆန်ဖရန်စစ္စကိုဗေးဧရိယာရှိ မြန်မာလူမျိုးတွေနဲ့ မေလ ၃၁ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ NUG  နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တွေ့ဆုံပွဲမှာ NUG ဝန်ကြီးက လက်ရှိနွေဦးတော်လှန်ရေးအခြေအနေတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်တွေကို ရှင်းလင်းပြောကြားခဲ့ပြီး အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှမှာ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြင်းထန်စွာ အရေးယူမယ်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းချမှုတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာကြောင့် ဖြန့်ဖြူးရောင်းချနေသူတွေကို ပြင်းထန်စွာ အပြစ်ပေး အရေးယူမယ်လို့ မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
Read More

ဘီးလင်းတွင် ဈေးသွားဝယ်သည့် လူငယ်ကို စစ်အုပ်စု ဖမ်းဆီးပြီး သိန်း ၃၀ ဖြင့် ပြန်ရွေးခိုင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။
Read More

ရိက္ခာရှာထွက်သည့် ကန်နီရွာက စစ်အုပ်စုများ စောင့်ကြိုပစ်ခတ်ရာ ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ရိက္ခာရှာထွက်လာတဲ့ ကန်နီကျေးရွာရှိ စစ်တပ်စခန်းကို စစ်အုပ်စုတွေကြားဖြတ်တိုက်ခိုက်ခံရပြီး ပျူစောထီး ၁ ယောက်သေဆုံးကာ ရွာအတွင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့က နွေဦးတော်လှန်ရေး လူထုသပိတ်တိုက်ပွဲ (ဓာတ်ပုံသတင်း)

အမေရိကန်ရောက်  Free Burma Action Committee-Northern California က ဦးဆောင်ပြီး “နွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး နိုင်ငံရေး ပူးပေါင်းညီညွတ်ကြပါစို့” ဆိုတဲ့ခေါင်းစဉ်နဲ့  လူထုသပိတ်လှုပ်ရှားမှုကို ဒီနေ့ နိုဝင်ဘာလ ၁၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။
Read More

ခမရ ၅၉၀ ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို PDF ရင်း၂ ရင်းနှင့် KNLA ဝင်ရောက်သိမ်းပိုက်၊ လက်နက်ခဲယမ်း အများအပြားနှင့် စစ်သားအလောင်း ၄ လောင်း ရရှိ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ခမရ ၅၉၀ တပ်ရင်း ရှေ့တန်းစစ်ကြောင်း ရုံးစိုက်ရာစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီအလောင်း ၄ လောင်းနဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် တပ်ရင်း (၂) - P23702 ရဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

Sky Villa ကွန်ဒိုတွင် ယနေ့ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံကနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မှာ ထပ်မံတွေ့ရှိတယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။