စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့တဲ့ တော်လှန်ရေးဘက်တော်သား အချင်းချင်း သွေးကွဲစေမယ့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ရင် စစ်အာဏာရှင်ကို အနိုင်ရမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးဟာ ကြမ်းတမ်းမှာကို အားလုံးသိထားပြီးဖြစ်ပေမယ့် အဓိကအနေနဲ့ စစ်အာဏာရှင်တိုင်း လုပ်ဆောင်နေတဲ့ စည်းသုံးစည်း ကျော်လွှားနိုင်ရေးဖြစ်တယ်လို့ ရဲဘော်တင်ဦးက ပြောဆိုထားပါတယ်။

” အဲဒီစည်းသုံးစည်းက ဘာလဲဆိုတော့ ပထမက သွေးအေးစေမယ့်စည်း၊ အာဏာရှင်က ကျနော်တို့ သွေးအေးသွားအောင် အမျိုးမျိုး အချိန်ဆွဲခဲ့တယ်။ အမျိုးမျိုး ကောလာဟလတွေ လုပ်ခဲ့တယ်။ အမျိုးမျိုး မျော်လင့်ချက်အမှားတွေ ပေးခဲ့တယ်။ ဒါပေမယ့် ပြည်သူတွေက သွေးမအေးဘူး။ သွေးအေးစေမယ့်စည်းကို ကျနော်တို့ ကျော်ခဲ့ပြီ။ နောက်တစ်ခုက စည်းတစ်စည်းထပ်တားတယ်။ ဒုတိယစည်း။ သွေးကြောင်စေတဲ့စည်း။ ပြည်သူတွေ ကြောက်သွားအောင် တော်လှန်ရေးသမားတွေ ကြောက်သွားအောင် ရက်ရက်စက်စက် လုပ်ပြတယ်၊ သူတို့ကို ကြောက်သွားအောင်။ ဒါပေမယ့်လည်း ကျနော်တို့ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေအားလုံးကရော အဲဒီသွေးမကြောင်ဘဲနဲ့ အဲဒီ ဟာတွေက နာကြည်းမှုတွေ ခွန်အားတွေဖြစ်ပြီးတော့ ရှေ့ဆက်တိုးခဲ့တယ်။ ဒီစည်းကိုလည်း ကျနော်တို့ ကျော်နိုင်ခဲ့ပြီ”လို့ ရဲဘော်တင်ဦးက ပြောဆိုထားပါတယ်။

နောက်ဆုံးကျန်နေတဲ့ သွေးကွဲစေသည့် စည်းဟာ အာဏာရှင် အဆက်ဆက် ကျင့်သုံး အောင်မြင်ခဲ့တယ်လို့ ရဲဘော်တင်ဦးက ဆိုပါတယ်။

“ကျနော်တို့ တော်လှန်ရေး သမိုင်းကြောင်းပဲ ပြန်ကြည့်ကြည့် အဖွဲ့အစည်းသမိုင်းကြောင်းတွေပဲ ပြန်ကြည့်ကြည့် ပန်းတိုင်ရောက်ခါနီးမှ ကိုယ့်အချင်းချင်း ကွဲလို့ အာဏာရှင်ကို အရှုံးပေးလိုက်ရတဲ့ သာဓကတွေ အများကြီးရှိတယ်။ ဒါကြောင့်မို့ အခုကျနော်တို့က နောက်ဆုံးစည်းကိုရောက်ပြီ။ သွေးကွဲစေမယ့်စည်း။ ကျနော်တို့ အချင်းချင်းကြား၊ အထက်နဲ့အောက်ကြား၊ အဖွဲ့အစည်းအချင်းချင်းကြား။ ဘယ်နေရာလေး ဟသွားမလဲ၊ ဘယ်နေရာလေးအက်ကြောင်းထင်သွားမလဲ သွေးခွဲတယ်။ သွေးကွဲအောင်လုပ်တယ်။ ကျနော်တို့ သွေးမကွဲရင် ဒီပွဲနိုင်ပြီ။” လို့ ရဲဘော်တင်ဦးက ပြောပါတယ်။

စစ်ရေးအရ အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝန်း ရှုံးနိမ့်မှုများစွာ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ သွေးမကွဲရင် တော်လှန်ရေး အောင်မြင်မယ်လို့လည်း ပြောကြားထားပါတယ်။

“ကျနော်တို့ ညီညွတ်ကြဖို့လိုတယ်။ ကျနော်တို့ ရဲဘော်တွေဘာတွေမှာချင်လဲဆို ကျနော်တို့ ညီညွတ်ကြဖို့လိုတယ်။ ကျနော်တို့ အချင်းချင်း ၊ အဖွဲ့အစည်းအချင်းချင်း တော်လှန်ရေးသမား အချင်းချင်း ညီညွတ်ကြဖို့လိုတယ်။ ပန်းတိုင်ကို အတူတူရောက်အောင် သွားကြမယ်။ ကျနော့်ရဲဘော်တွေ အဲဒါလေး ပြောချင်ပါတယ်။” လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူးက ပြောကြားထားပါတယ်။

0 Shares:
You May Also Like
Read More

နမ့်ခမ်းနဲ့ လောက်ကိုင်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

MNDAA နဲ့ TNLA တို့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းနဲ့ လောက်ကိုင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အရှိုချင်းကာကွယ်ရေးတပ် – ACDF ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် ( ၅ ) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အရှိုချင်းကာကွယ်ရေးတပ် - ACDF ရဲ့ ကိုယ်ပိုင်လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးနဲ့ မြင်းမူမှာ စစ်ကောင်စီယာဥ်တန်းနဲ့ လုံခြုံရေးစစ်သားတွေ မိုင်းဆွဲခံရပြီး ၃ယောက်သေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးနဲ့ မြင်းမူမြို့နယ်တွေမှာ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ယာဥ်တန်းနဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း BLDF တပ်ခွဲ အညာမိုင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်တဲ့ P29999 - အထူးစစ်ဆင်​ရေးတပ်ဖွဲ့ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားအမှတ်တရအဖြစ် တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲတွေကနေ ကိုယ်စားပြု အသင်းလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အရပ်သား ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများအတွက် စစ်ကောင်စီ တာဝန်ယူရမည်ဟု PDF TRI ဗျူဟာမှူး သတိပေး…

တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ရာဇဝတ်မှုတွေအဖြစ် မှတ်တမ်းတင်ထားပြီး တာဝန်ယူစေရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှူး ကိုနွယ်နီက သတိပေးပြောကြားလိုက်ပါတယ်။
Read More

ကွတ်ခိုင်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်တွေက ဗဟိုသံဃာတော် အစည်းအဝေးပြုလုပ်…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်မှာ တအာင်းသံဃာတော်တွေနဲ့ PSLF/TNLA ခေါင်းဆောင်တွေ ဗဟိုသံဃာတော်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။