စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ‌ တော်လှန်ရေးတပ်ဖွဲ့ထံကို လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ဒို့အရေးချန်နယ်ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့က အဆိုပါ စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကို အလင်းဝင်ချင်ကြောင်း ဒို့အရေးချန်နယ် အတွင်းရေးမှူး မရွှေဂျူးထံ ဆက်သွယ်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ဒို့အရေးချန်နယ်ရဲ့ ချိတ်‌‌ဆက်ပေးမှုနဲ့အတူ ပကဖ တပ်ဖွဲ့ထံကို အလင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့က အလင်းဝင်လာသူရဲ့ ဇွဲနဲ့ ချိတ်ဆက်မှု ကြည့်ပါတယ်။ နောက်ခံ အ​နေအထား​တွေကို ချိတ်ဆက်​လေ့လာပါတယ်။ အဲဒီက​နေမှ သူတို့ကို ချိတ်ဆက်​ပေးပြီး ကာလတစ်ခု အတိုင်းအတာတွင်း တော်လှန်​ရေး အဖွဲ့အစည်းထံ ခိုလှုံမှုတွင်လည်း စောင့်ကြည့်ခြင်းများဖြင့် ထားရှိပါတယ်” လို့ ဒို့အရေးချန်နယ်ရဲ့ ဥက္ကဋ္ဌ ဦးလှမြင့်(ခ)ငြိမ်းချမ်းအောင် ကမောင်းကို ပြောပါတယ်။

အလင်းဝင်တဲ့ စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ MA1 အမျိုးအစားသေနတ် ၂ လက်၊ ၃၆ ခွင်းဗုံး ၂ လုံး၊ နင်းမိုင်း ၂ လုံး၊ ၅ ဒသမ ၅၆ ကျည်အတောင့် ၂၀၀ တို့ကိုလည်း ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

“အလင်းဝင်ခဲ့တဲ့သူတွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မတရားပေါ်တာဆွဲခံရလို့ စစ်တပ် အတွင်း ရောက်ခဲ့ရတာဖြစ်ပြီးတော့ ၅ လကျော်ပဲရှိပါသေးတယ်။ သူတို့က စစ်မှုထမ်းအပတ်စဉ် ၈ ကို တက်ခဲ့ရကာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပို့ဆောင်ခံခဲ့ရတာပါ” လို့လည်း ဒို့အရေး ချန်နယ်ကနေ ဖော်ပြထားပါတယ်။

အလင်းဝင်ခဲ့သူ ၂ယောက်ဟာ ပကဖနဲ့အတူ စစ်ကောင်စီကို ဆက်လက်တော်လှန်သွားမယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

ဝါရင့်နိုင်ငံရေးသမား၊ နိုင်ငံ​ရေးအကျဥ်းသား​ဟောင်း ​ဒေါက်တာ​နေဝင်း ကွယ်လွန်

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သလို ဝါရင့်နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာနေဝင်းဟာ မေလ ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားတယ်လို့ သူနဲ့ နီးစပ်သူတွေကတစ်ဆင့် သိရပါတယ်။
Read More

ကိုယ်ကျိုးစွန့်ကာ တိုင်းပြည်အနာဂတ် တည်ဆောက်သည့်စိတ် နှလုံးသွင်းပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရမည်ဟု NUG ဝန်ကြီးများကို ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေ အင်မတန် ကောင်းမွန်ပေမယ့် အခုထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရမယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင် ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ ၁၉/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၈၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ တစ်လတည်းမှာပင် အမျိုးသမီး ၈၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့  မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဆိပ်ဖြူ ကပစ – ၂၂ မှ တက်လာသည့် စက်တပ်လေထီး ၂ စီးကို ပကဖ ပစ်ခတ်တိုက်ခိုက်၊ စက်တပ်လေထီး မောင်းသူ ၁ ဦး ပေါင်ကို ကျည်ထိမှန်ပြီး ဖြတ်တောက်ခံရနိုင်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၂၂)က တက်လာတဲ့ စက်တပ်လေထီး Paramotor ၂ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီ ဂျက်ဖိုက်တာတိုက်ခိုက်မှုကြောင့် ဦးပဉ္စင်းကြီး ၁ပါး ပျံလွန်တော်မူ၊ စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် အရပ်သား ၄ ဦးကိုလည်း ညှင်းပန်းသတ်ဖြတ်ခဲ့

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာပေါ်ကနေ ပစ်ခတ်မှုကြောင့် သက်တော် ၇၆ နှစ်အရွယ် ဘုန်းကြီး ၁ ပါး ပျံလွန်တော်မူကာ အရပ်သား ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ 
Read More

ရိုက်နှက်ခံထားရသည့် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ထဲတွင် ဆေးကုသခွင့်မပေးဘဲ ခြေချင်းခတ် သီးခြားတိုက်ပိတ်ထား

မန္တလေးတိုင်း၊ အိုးဘိုအကျဥ်းထောင်ကို ပြောင်းရွှေ့ချိန် အာဏာပိုင်တွေရဲ့ ရိုက်နှက်နှိပ်စက်တာကို ခံခဲ့ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ လက်ရှိအချိန်အထိ ဆေးကုသခွင့်မရသေးဘဲ သံခြေချင်းခတ် သီးခြားတိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။