ကရင်နီပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၂) က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။

“ပူပြင်းတဲ့နေရာဒေသမှာ ချွေးဒီးဒီးကျအောင် လှုပ်ရှားရုန်းကန်ရတာပဲဖြစ်ဖြစ်… မိုးရွာထဲရွှဲနစ်ပြီး တာဝန်ထမ်းဆောင်ရတာပဲဖြစ်ဖြစ်… ဒီလို မတူညီတဲ့ နေရာဒေသနဲ့ ခက်ခဲတဲ့ ရာသီဥတုခြေအနေတွေဟာလည်း ရဲဘော်တွေကို ဟန့်တားနိုင်မှာ မဟုတ်ပါဘူး ။ မြစ်ချောင်းဆိုဖြတ် တောတောင်ဆိုကျော် နယ်မြေလုံခြုံရေးအတွက် စောင့်ကြပ်နေတဲ့ ရဲဘော်တွေရဲ့ပုံရိပ်က သ​က်သေပါ ။” ဆိုပြီး ဒါဟာ ရဲဘော်တွေရဲ့ စစ်မှန်တဲ့ ရုပ်ပုံလွှာတွေပါလို့ မှတ်တမ်းဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ရွှေမြို့နယ်ပကဖ မှ တိုက်နယ်ပကဖများကို MA 1 သေနတ် ၂ လက်နဲ့အတူ ယူနီဖောင်း၊ စစ်အသုံးအဆောင်များ တပ်ဆင်ပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်နယ် (၆)ပကဖ တိုက်ခိုက်ရေးရဲဘော် (၂၂) ယောက်ကို ယူနီဖောင်း၊ ပွိုင့်ဖိနပ်၊ ဦးထုပ်၊ ခါးပတ်၊ ဘက်တံဆိပ်တို့နဲ့အတူ MA 1 သေနတ် (၂)လက်တို့ကို အောက်တိုဘာလ (၁၂)ရက် မနေ့က တပ်ဆင်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ထုတ်ပြန်ပါတယ်။
Read More

သီပေါမှာ စစ်ကောင်စီတပ်ရဲ့ နင်းမိုင်းကြောင့် အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားခဲ့တဲ့ မိုင်းနင်းမိပြီး အမျိုးသားတစ်ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘူးသီးတောင်မှာ ပျောက်ဆုံးနေတဲ့ အရပ်သားနှစ်ယောက်ရဲ့ အလောင်းကို AA ပြန်ရှာတွေ့

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက်က အရပ်သား နှစ်ယောက်ဖြစ်သူ အသက် ၆၇ နှစ်အရွယ် ဦးစံရွှေမောင်နဲ့ အသက် ၆၅ နှစ်အရွယ် ဦးမောင်မြအောင်တို့ရဲ့ အလောင်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း AA က ထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်ဆိုတာ ဘာမှန်းသေချာမသိကြောင်းနှင့် မိမိ လုံး၀မပတ်သက်ကြောင်း စောချစ်သူ ငြင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ မိမိဟာ လုံး၀ပတ်သက်ခြင်းမရှိဘူးလို့  ကရင်နယ်ခြားစောင့်တပ် (BGF/KNA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။
Read More

ပခုက္ကူခရိုင် PDF တပ်ရင်း ၃ ရင်းရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်းနဲ့ အမှတ် ၁၇ တပ်ရင်းတို့ရဲ့ မွမ်းမံသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းက မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သား အလင်းဝင်နိုင်ခဲ့ပြီ

မကွေးတိုင်း၊ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်မှုထမ်းတပ်သားတစ်ယောက် ကျည်ဘောက်နဲ့ ကျည်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ထံက သိရပါတယ်။