မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် လင်းဇင်တိုက်နယ်ရဲစခန်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၂ ရက် နေ့လယ်ပိုင်းက တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး လင်းဇင်းတိုက်နယ်ရဲစခန်းကို ၆၀ မမ လက်နက်ကြီး ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် – ၅တပ်ရင်း၊ စလင်းပကဖနဲ့ ဒေါင်းညီနောင်ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမြို့က ၁၁ ထပ်မြင့်တဲ့ Sky Villa Condo ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွား (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂ လမ်းနဲ့ ၂၃ လမ်းကြားက ၁၁ ထပ်အမြင့်ရှိ Sky Villa Condo ဟာ ငလျင်ဒဏ်ကြောင့် ၅ ထပ် ကျွံဝင် ပြိုကျသွားပြီး လူအများအပြားပိတ်မိနေတယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

Tiger Dragon Revolution Force အဖွဲ့က ထုတ်လုပ်ထားတဲ့ လက်ပစ်မိုင်း ဖောက်ခွဲစမ်းသပ် (ရုပ်/သံ)

Tiger Dragon Revolution Force အဖွဲ့က ထုတ်လုပ်ထားတဲ့ လက်ပစ်မိုင်း ဖောက်ခွဲစမ်းသပ် (ရုပ်/သံ)နိုဝင်ဘာ ၁၆၊ ၂၀၂၄P 29909 - Southern Eagle PDF တပ်ရင်း၊ တပ်ခွဲ (၃) Tiger Dragon Revolution Forc အဖွဲ့ က ထုတ်လုပ်ထားတဲ့ လက်ပစ်မိုင်းကို ဖောက်ခွဲစမ်းသပ်ထားတဲ့ ရုပ်သံမှတ်တမ်းဖိုင် ထုတ်ပြန် လိုက်ပါတယ်။
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်တပ်၏ ဖလမ်းတပ်ကုန်း မြေအောက်လှိုဏ်ဂူ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်သားတွေ ပုန်းအောင်းခဲ့တဲ့ ခလရ ၂၆၈ တပ်ကုန်းမြေအောက်လှိုဏ်ဂူမြင်ကွင်းကို CNDF TTC Camp က ထုတ်ပြန်လိုက်ပါတယ်။
Read More

တနင်္သာရီ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှုးမြင့်ဝင်း အပါဝင် စစ်ကောင်စီတပ်သား (၂၀) ဦး သေဆုံး (ရုပ်/သံ)

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်မှာရှိတဲ့ ဝါရစ်ပိန်းတောပြင် စစ်ကောင်စီရှေ့တန်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မေလ ၆ ရက်၊ နံနက်ပိုင်းအစောပိုင်းအချိန်မှာ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်စီမံကွပ်ကဲ‌ရေးတပ်မှ အရာရှိ ဗိုလ်မှုးမြင့်ဝင်း အပါဝင် စစ်ကောင်စီတပ်သား (၂၀)ဦးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း - ၂ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ် ကင်းမွန်တောပျူစခန်းကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်တောရွဦ ပျူစခန်းကို မတ်လ ၂ ရက် နေ့လယ်ပိုင်းမှာ အဝေးပစ် ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို AA ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ် (ရုပ်/သံ)

ပင်လယ်ဓားပြတိုက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ယောက်ကို အာရက္ခဒေသ မောင်တောမြို့ ကျောက်ပန္ဒူကမ်းခြေအနီးမှာ အာရက္ခတပ်တော် AA ကမ်းခြေစောင့်တပ်က ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ပေးခဲ့တယ်လို့  အာရက္ခတပ်တော်သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။