ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နယ်နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက လူငယ်တွေကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို အရင်က ဖမ်းဆီးနေကျ မြို့တွင်း၊ မြို့ပြင်ဂိတ်တွေအပြင် ကျေးရွာတွေအထိပါ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေကို အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့ကလည်း ဥသျှစ်ပင်မြို့ ဘင်္ဂကျေးရွာအနီး ကျောက်ဖူး-ဘင်္ဂ ရွာချင်းဆက် လမ်းပိုင်းမှာ ‌အရပ်၀တ်နဲ့ ပေါ်တာဆွဲဖမ်းဆီးမှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ် ၂စီး လူ ၃ယောက် လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပုံစာ – အကြမ်းဖက်စစ်ကောင်စီ ပေါ်တာဆွဲ ဖမ်းဆီးထားသည့် စစ်မှုထမ်းသင်တန်းသား လူငယ်အချို့။ (ပုံဟောင်း)

အဆိုပါ ဖမ်းဆီးမှုမှာ ကိုဇော်ထက်အောင် (၂၅နှစ်) ဆိုသူ ဖမ်းဆီးခံလိုက်ရပြီး မိသားစုက ချက်ချင်း လိုက်ထုတ်ခဲ့တာကြောင့် ပြန်လည်ထုတ်ယူလို့ရခဲ့တယ်လို့ သိရပါတယ်။

“ဖမ်းခံလိုက်ရတာက ကိုဇော်ထက်အောင် သူ့အမတွေက မြို့နယ် ရဲစခန်းမှာပဲ တာဝန်ကျနေတာဆိုတော့ သူတို့မောင်ဆိုပြီး လိုက်ထုတ်တာ ရသွားတယ်။ ပြောရရင် Background နဲ့ လိုက်တာမို့ ရသွားတာပဲ ပြောရမယ်” လို့ ဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ဒါ့အပြင် တခြား ပြည်ခရိုင်အတွင်းက မြို့နယ်တွေမှာလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေကို စစ်ကောင်စီက ပိုမိုလုပ်ဆောင်လာနေပြီး ပြည်မြို့နဲ့ ပေါက်ခေါင်းမြို့နယ်တွေမှာလည်း ကားပေါ်တွေထိပါ ဆွဲချ ဖမ်းဆီးကာ ပေါ်တာဆွဲမှုတွေ‌ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကယန်းအမျိုးသားတပ်မတော်၊ အမှတ် (၂၁၀၅) တပ်ရင်းမှ တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့

ကယန်းအမျိုးသားတပ်မတော် (KNA)၊ အမှတ် (၂၁၀၅) တပ်ရင်းက တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို ဟာ စက်တင်ဘာ ၂ ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ KNA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး တပ်သားသစ်တွေ ခေါ်ယူနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေး ပြီးဆုံးတဲ့အထိ တိုက်ပွဲဝင်နိုင်မယ့် တပ်သားသစ်တွေကို စိစစ်ခေါ်ယူနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

မြိုင်တွင် ရိက္ခာပြတ်ပြီး ငတ်နေသည့် သရက်ကန်ပျူစောထီးများ အကြမ်းဖက်စစ်တပ်ကို အကူအညီတောင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ရွာ ပျူစောထီးတွေက ရွာထဲ ငတ်ပြတ်နေမှုကြောင့် အကြမ်းဖက်စစ်ကော်မရှင်ထံ ရိက္ခာချပေးဖို့ တောင်းဆိုနေကြကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
Read More

သထုံထောင်မှ အချုပ်သားအချို့ ထွက်ပြေးရာ ၃ ဦး ပြန်အဖမ်းခံရ

မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှာ အချုပ်သားတချို့ ထွက်ပြေးရော ၃ ယောက်ကို ချက်ချင်း ပြန်လည် ဖမ်းမိခဲ့တယ်လို့ သထုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။ 
Read More

လောင်းလုံးတွင် စစ်တပ်နှင့်ပေါင်းပြီး အရပ်သားများကို အနိုင်ကျင့်နေသည့် ကျောက်နီမော်ရွာ ပျူစောထီးတစ်ဦးကို ဖမ်းမိခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်း‌လုံးမြို့နယ်မှာ ကျောက်နီမော်ရွာ ပျူစောထီးအဖွဲ့ဝင် ၁ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း SPECIAL GUERRILLA FORCE အထူးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်းရှိ ပကဖ ရဲဘော်များကို လက်နက်တပ်ဆင်

ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေကို မတ်လ (၁၆)ရက်မှာ တိုင်း ပကဖ စစ်ရေးတာဝန်ခံက လက်နက်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့ သတင်းဖော်ပြထားပါတယ်။