မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရကာ နေအိမ် ၁၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။

မေလ(၁၀)ရက် ညနေပိုင်းက ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးသီး ၅ လုံးကြဲချခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ် ၄ လုံးနဲ့ အသုံးအဆောင်ပစ္စည်းတွေ မီးလောင်ကျွမ်းခဲ့ပြီ နေအိမ် ၂ လုံး ဗုံးစထိမှန်ပျက်စီးကာ အပြစ်မဲ့ ရွာသား ၂ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

မေလ(၁၀)ရက်နေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီရဲ့ (အမှတ်-၄၄) ခြေမြန်တပ်မဌာနချုပ်က (၁၂၀) မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ရာ အလူးကျေးရွာအုပ်စု ကရဝေးဆိပ်ရွာ တောထန်းခြံတွေ ကျရောက်ပေါက်ကွဲခဲ့ရာ ကရဝေးဆိပ်ရွာ အလယ်စုနေ အသက် (၆၆)နှစ်အရွယ် အမျိုးသမီး လက်နက်ကြီးကျည်စ ဦးခေါင်းထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ KNU က ဆိုပါတယ်။

ဒါ့အပြင် မေလ(၁၁)ရက် မနေ့က မနက်ပိုင်းမှာလည်း ကျိုက်ထိုမြို့နယ် ၊ ဝင်းကံကျေးရွာအတွင်း စစ်ကောင်စီက Jet Fighter ၂ စီးနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံး ၊ ပေါင် ၂၀၀ ဗုံး တစ်လုံး ကြဲချခဲ့ရာ နေအိမ် ၂ လုံးအပေါ် ကျရောက်ပေါက်ကွဲပြီး အိမ်ပြိုကျပျက်စီးခဲ့သလို နေအိမ် ၁၁ လုံး ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ၅၃ နှစ်အရွယ် အမျိုးသား လက်ကောက်ဝတ် ကြေမွဒဏ်ရာရရှိပြီး ၁၃ နှစ်အရွယ် ကလေးငယ် ယာဖက် ကျောပြင် ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တံတားဦးမြို့နယ် ပကဖ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ၊ မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ တံတားဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့မစျေးအတွင်း စစ်ကောင်စီတပ်က ဒီနေ့မနက် လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ရာ တစ်ယောက် ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဟယ Y-12 လေယာဥ်နဲ့ နောင်ချို့မြို့အတွင်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နောင်ချိုမြို့ ညစျေးတန်း၊ မြို့မစျေးနဲ့ စျေးရပ်ကွက် နယ်မြေ(၄) တို့မှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-မန္တလေးလမ်း‌ပေါ်တွက် တည်ရှိသည့် စဉ့်ကိုင်မြို့နယ်မှာ မြို့နယ် ပကဖ   မွမ်းမံသင်တန်း ပြုလုပ်နေ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီ ဝင်ရောက်လာတဲ့ ရဲဘော်အသစ်တွေနဲ့ ပကဖ ရဲဘော်ဟောင်းတွေကို စုပေါင်းပြီး အပတ်စဉ် (၃) အခြေခံစစ်ပညာ မွမ်းမံသင်တန်း ပြုလုပ်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းအနေနဲ့ ၂၀၂၄ က အားနည်းချက်တွေ ပြင်ဆင်ပြီး တိုက်ပွဲတွေမှာ ပိုမိုအားစိုက်မယ်

ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက (၂) လ တစ်ကြိမ် ပြုလုပ်နေတဲ့ တပ်ရင်းအစည်းအဝေးကို တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့တကွ တပ်စု၊ တပ်ခွဲ အသီးသီးက တပ်မှူးတွေနဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်နေ

ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်နဲ့ မြဝတီမြို့ပေါ်ရပ်ကွက်တွေကို အကြမ်းဖက်စစ်တပ်က Y12 လေယာဥ် ၂ စီးနဲ့ ပျံဝဲကာ ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။