အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အနေနဲ့ မဟာဗျူဟာဦးတည်ချက် (၆) ချက် ထားရှိပြီး မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်သွားမယ်လို့ NUG အစိုးရ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မဟာဗျူဟာဦးတည်ချက် (၆) ချက်ထဲက ပထမအနေနဲ့ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အဆုံးသတ်ဖို့ ဖြစ်ပြီး ဒုတိယအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တတိယအချက်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ ဒါကို ပြန်လည် အသက်သွင်းဖို့ ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ဖို့ ဖြစ်ပြီး စတုတ္ထအနေနဲ့ သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းဖို့ ဖြစ်တယ်လို့ NUG က ဆိုပါတယ်။

ပဉ္စမအနေနဲ့ကတော့ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ် တည်ဆောက်ဖို့ဖြစ်ပြီး ဆဋ္ဌမအချက်အနေနဲ့ ပဋိပက္ခအတွင်း “လိင်နှင့် ကျားမအပေါ် အခြေခံသော အကြမ်းဖက်မှုများအပါအဝင်” မတရား ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့တို့ ဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ညောင်ဦး-မြင်းခြံလမ်းပေါ်က ပြည်သူ့စစ်များ နေထိုင်သည့်ရွာကို ဝင်ရောက်စီးနင်းရင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ အကြမ်းဖက်ပြည်သူ့စစ်တွေ နေထိုင်တဲ့ ညောင်ဦး-မြင်းခြံလမ်းပေါ်က ဆင်ဖြူ ကျေးရွာကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုတွေထွက်ပြေးသွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ကရင်နီပြည် တော်လှန်ရေးတပ် စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းတပ်နဲ့ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ ပူးပေါင်းကာ ညကင်းလှည့်ပြီး ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့

ကရင်နီပြည်အတွင်းက တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့နဲ့ အရပ်ဖက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ညကင်းလှည့်ကာ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ Unity Generation Z PDF 1101 (UGZ-PDF-1101) က ထုတ်ပြန်ထားပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ​ခြေလျင်တပ်တွေ တိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်အပါ ၉ယောက်သေ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းပိုင်းမှာ ရခိုင်ဘက်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ခြေလျင်တပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ၉ယောက်သေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

ဆင်ပေါင်ဝဲတွင် အလောင်းသယ်သည့် စစ်ကားနှင့်ရှေ့ပြေးရဲကား မိုင်းခွဲခံရ၊ စစ်သားနှင့်ရဲ ၁၉ ဦးထက်မနည်း သေဆုံး

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ပဲခူးရိုးမပေါ် အလောင်းလာသယ်တဲ့ စစ်ကောင်စီကားအပါအဝင် ရှေ့ပြေး ရဲကားကို ဖြတ်တောက်တိုက်ခိုက်ရာ စစ်သားနဲ့ရဲ ၁၉ယောက်ထက်မနည်းသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူတစ်ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ အကြမ်းဖက်စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရသေ့တောင်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။