ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)‌‌‌‌‌‌ ယောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသက တရားဝင်ထုတ်ပြန်လာပါတယ်။

ဧပြီလ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ မင်းလှမြို့နယ်၊ ဆားချောင်းကျေးရွာဘက်ကနေ အင်အား(၇၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ပြီး ငမိုးရိပ်ကျေးရွာဘက် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး ဇရစ်မြောင်ကျေးရွာဘက် ထပ်မံစစ်ကြောင်းထိုးလာချိန်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ (၂)နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး အဆိုပါစစ်ကောင်စီတပ် အထိနာတာကြောင့် စစ်ကူစစ်ကြောင်းဟာ တောင်ပြတ်ကျေးရွာကတစ်ဆင့် ဂန့်ဂေါ်ပင်ကျေးရွာကို ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက Mi (35) ရဟတ်ယာဉ် (၁)စီး၊ ဂျက်ဖိုက်တာ(၂)စီးနဲ့ လေကြောင်းကနေ ပစ်ကူပေးခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ထောက်ကြံ့ကျေးရွာဘက် ဆုတ်ခွာသွားခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဆိုပါတယ်။

ထိတွေ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက (၁၀) ယောက် သေဆုံးခဲ့ပြီး လက်နက်ငယ် (၁၁)လက်၊ ကွန်မန်ဒိုပြောင်းတို (၁)လက်၊ ခဲယမ်းတွေနဲ့ ဆက်စပ် စစ်သုံးပစ္စည်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရရှိခဲ့သလို တော်လှန်ရေး ရဲဘော်(၁) ယောက် အနည်းငယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ် (၃၇၀၁)တပ်ရင်း၊ (၃၈၀၁) တပ်ရင်း၊ (၃၈၀၂)တပ်ရင်း၊ (၃၈၀၃) တပ်ရင်းနဲ့ ACDF (Asho Chin Defense Force) တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အစိုးရပီသတဲ့ အဖွဲ့အစည်းအောက်မှာ သဘာဝဘေးနဲ့ကြုံရရင် အခုလောက် အခြေအနေမဆိုးနိုင်ဟု NUG ပြည်ထောင်စုဝန်ကြီးချုပ် ပြော

အစိုးရပီသတဲ့ အဖွဲ့အစည်းတွေအောက်မှာသာ အခုလို သဘာဝဘေးကို ကြုံတွေ့ရရင် အခုလောက်တိုင်းပြည်ဟာ အခြေအနေမဆိုးရွားနိုင်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။
Read More

မုံရွာ နမခ ယာဥ်တန်းအတွက် လုံခြုံရေးယူ စစ်သားများနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်ကော်မရှင်တပ်သား တစ်ယောက်ကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ ယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ သြဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

စဉ့်ကူးတွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး သေပြီး အများအပြားဒဏ်ရာရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ရှောက်ပင်ရိုးကျေးရွာကို အကြမ်းဖက်စစ်တပ် လေ​ကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၆ ယောက် သေဆုံးပြီး နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံတွေက မောင်းကို ပြောပါတယ်။
Read More

ရေးပြောက်ကျားတပ် (YGF) ရဲဘော် ၂ ဦး တိုက်ပွဲအတွင်း ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂) ၊ ရေးပြောက်ကျားတပ် (YGF) က ရဲဘော် ၂ ယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ TNLA က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများအား ပကဖ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ အကြမ်းဖက်စစ်သားတွေ ဝင်ရောက်တပ်စွဲနေတဲ့ ဘုန်းကြီးကျောင်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့ကြောင်း သာစည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပ.က.ဖ က ထုတ်ပြန်ပါတယ်။