မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ် အနောက်ဘက်ရှိ ဝက်သည်းကန်အနီး ရှမ်းရွာကုန်းနဲ့ ဆင်ကျုံးကြား အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ဧပြီ ၂၆ ရက် ဒီနေ့မနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံက သိရပါ တယ်။

စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ၈ ယောက်သေပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် – ၅တပ်ရင်းနဲ့ မကွေးတိုင်း ပကဖစစ်ကြောင်း Yenanthar Column တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်မှု ၂ ယောက် ဒဏ်ရာရရှိ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

မာနယ်ပလောဒေသ ပြန်လည်ရရှိခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၏ ပြောကြားချက် (ရုပ်/သံ)

''ယနေ့ကျွန်တော်တို့ ဌာနချုပ်ကြီးကို ပြန်လည်ရယူတဲ့နေရာမှာ သွေးနဲ့ ချွေးနဲ့ အသက်နဲ့ ပေးဆပ်ရ တာ ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့ အခွင့်အလမ်းလက်ထဲ ပြန်ရောက်လာတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဌာနချုပ်ဟောင်း ကြီးကို ပြန်လည်ရရှိတယ်လို့လည်း ပြောချင်ပါတယ်"
Read More

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အိုးတိန်တွင်းရွာ ကလေးငယ်များအတွက် အမိန့်ပြန်တမ်းထုတ်ပြန် (ရုပ်/သံ)

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်း သေဆုံးခဲ့ရတဲ့ ကလေးငယ်ကျောင်းသား၊ ကျောင်းသူများအတွက် အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။
Read More

နောင်ချိုမြို့ လူနေရပ်ကွက်ထဲကို အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲချ (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်းက TNLA သိမ်းပိုက်ထားတဲ့ ‌နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဒီနေ့ (စက်တင်ဘာ ၁၉ရက်) မနက် ၃ နာရီဝန်းကျင်ခန့်က ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။