စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က ပျူခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီးနဲ့ အပေါင်းအပါတွေ စီးနင်းလာတဲ့ယာဉ်ကို ဧပြီ ၂၀ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေဆုံးသွားတယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကိုင်းမြို့ပေါ်ကနေ မင်းကွန်းဒေသသို့ သောက်စားမူးယစ်ပြီး ပြန်လာတဲ့ ပျူခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီးနဲ့ အပေါင်းအပါတွေကို တိုက်ခိုက်ခဲ့ရာ နေလင်း အပါအဝင် ၇ ယောက်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရတာပါ။

ပျူစောထီးခေါင်းဆောင် နေလင်းအပါအဝင် ပျူစောထီး ၇ ဦး သေဆုံးခဲ့တဲ့ ယင်းတိုက်ခိုက်မှုအတွင်း ၂ ဦးသာ လွတ်မြောက်သွားခဲ့ပြီး၊ ၄င်းတို့စီးလာတဲ့ ကားကို မီးရှို့ ရှင်းလင်းခဲ့ကြောင်းလည်း သိရှိရပါတယ်။

ပျူခေါင်းဆောင် နေလင်းဟာ အရင်ပျူခေါင်းဆောင် ရွှေကျားရဲ့ တပည့်အရင်းဖြစ်ပြီး လက်ရှိ ပျူခေါင်းဆောင်နေရာကို ဆက်ခံထားသူဖြစ်တယ်လို့ သိရပါတယ်။ ဘုန်းကြီး ဝေပုလ္လ ဦး‌ဆောင်တဲ့ ပျူအဖွဲ့ရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ G3 သေနတ် ၁ လက်၊ လက်ပစ်ဗုံး ၂ လုံး၊ ၄၀မမ ဗုံးသီး ၂ လုံး၊ ကျည်အနည်းငယ်နဲ့ ပျူတွေအသုံးပြုတဲ့ကားကို သိမ်းဆည်းရရှိခဲ့ကာ ကားကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Mingun PDFနဲ့ တိုက်နယ်ပလဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အဖွဲ့အစည်းပိုင် လက်နက်ခဲယမ်းတွေ မရောင်းချဖို့ မြိုင် ပကဖ က ထုတ်ပြန်

တပ်ရင်းတပ်ဖွဲ့ပိုင် လက်နက်ခဲယမ်းနဲ့ ပစ္စည်းအချို့ကို ကိုယ်ကျိုးအတွက် ရောင်းချခြင်းမပြုလုပ်ဖို့ မြိုင်ပကဖ က မနေ့က ဇန်နဝါရီလ ၄ ရက်နေ့မှာ အသိပေး ထုတ်ပြန်လိုက်ပါတယ်။ 
Read More

မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲများ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလလူ့အခွင့်အရေးအရာရှိပြော

မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးအကျပ်အတည်းထဲမှာ နစ်မွန်းနေရပြီး ပြည်သူတွေဟာလည်း ဒုက္ခဆင်းရဲတွေ အဆက်မပြတ်ခံစားနေရတယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြောပါတယ်။
Read More

၁၈ မိုင် စစ်ကောင်စီစခန်းကုန်းကို သိမ်းပိုက်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက ကြိုဆို (ဓာတ်ပုံသတင်း)

စလင်းမြို့က ၁၈ မိုင် စစ်ကောင်စီစခန်းကုန်း သိမ်းပိုက်နိုင်ခဲ့တဲ့ PDF တွေကို ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ ပခုက္ကူခရိုင် အ မှတ်(၁၅)တပ်ရင်းက ဒီနေ့ ဧပြီလ ၁၄ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီ အရေးပေါ်ကြေညာ

အပျက်အစီးများပြီး လူအသေအပျောက်များနိုင်တဲ့ ငလျင်ဒဏ်သင့် ဒေသ ၆ ခုကို စစ်ကောင်စီက အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။
Read More

DMO Local PDF နဲ့ ကလလတ တို့ ရပ်မိရပ်ဖတွေနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမောဆို (DMO Local PDF) တပ်ဖွဲ့နဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF (ကလလတ) တပ်ဖွဲ့တို့က ရပ်မိရပ်ဖတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ DMO Local PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီက စစ်တပ်လက်အောက်ခံ မြဝတီ အသံလွှင့်ရုံဝန်းထဲ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်တပ်လက်အောက်ခံ မြဝတီအသံလွှင့်ဌာနဝန်းထဲကို လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်မှုတွေရှိနိုင်ကြောင်း Yangon Army (YA) က သတင်းထုတ်ပြန်ပါတယ်။