ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးကာ ‘တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်’ အစီအစဥ်နဲ့ လုပ်ငန်းသုံး အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ ပညာရေးအစီအစဥ်အရ ဖွင့်လှစ်သင်ကြားခဲ့တဲ့ ကွန်ပျူတာအခြေခံသင်တန်းကို ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်း၊ အမှတ် (၇၈၉၄) တပ်ရင်းက ရဲဘော်ရဲမေတွေနဲ့ ဒေသခံလူငယ်တွေ တက်ရောက်ခဲ့ပြီး ဧပြီလ (၂၂)ရက် ဒီနေ့မှာတော့ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပကာ သင်တန်းဆင်းလက်မှတ်တွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ကျင်းပပြုလုပ်တဲ့ လုပ်ငန်းသုံး ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲမှာ ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းရဲ့ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ သင်တန်းဖြစ်မြောက်ရေးတာဝန်ခံတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားတွေနဲ့အတူ ကလလတ၊ အမှတ် (၇၈၉၄) တပ်ရင်း တာဝန်ရှိသူတွေ၊ အမှတ် (၉၄၂၀) တပ်ရင်းမိသားစု ပညာရေးကော်မတီက တာဝန်ရှိသူတွေ တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသတွင်းလူငယ်တွေရဲ့ ပညာရေးအခန်းကဏ္ဍနဲ့ နည်းပညာအခန်းကဏ္ဍတွေကို ဆွေးနွေးပြောကြားဖို့အတွက် ကရင်နီ နိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က လူငယ်ပညာရှင်တွေလည်း တက်ရောက်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

‘တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်’ အစီအစဥ်နဲ့ အခြေခံကွန်ပျူတာသင်တန်းကို ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းက ဦးစီးပြီး ဇန်နဝါရီလ (၁၆)ရက်က စတင်ကာ ကရင်နီပြည်အရှေ့ခြမ်း လွတ်မြောက်နယ်မြေတစ်နေရာမှာ ဖွင့်လှစ်သင်ကြားခဲ့တယ်လို့ သိရပါတယ်။

‘တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့ တက္ကသိုလ်’ အစီအစဥ်ဟာ ကလလတ၊ အမှတ် (၉၄၂၀) တပ်ရင်းက ပြုလုပ်တဲ့ ပညာရေးအစီအစဥ်တစ်ခုဖြစ်ပြီး ဒေသတွင်း လူငယ်တွေနဲ့ ရဲဘော်တွေ တော်လှန်ရေးကာလအတွင်း ပညာရေးအခန်းကဏ္ဍမလစ်ဟင်းစေဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

0 Shares:
You May Also Like
Read More

ပုသိမ်ကြီးမှာ စစ်တပ်သတင်းပေးနဲ့ ပျူစောထီးတို့ ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်မှာ စစ်တပ်သတင်းပေးလုပ်နေသူ ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

AA ပိတ်ဆို့ထားတဲ့ နခခ (၅) အနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ် မောင်တောမြို့က စစ်ကောင်စီရဲ့ နခခ (၅) ဌာနချုပ်အနီးတဝိုက်ကိုစစ်ကောင်စီကအောက်တိုဘာ၂၈ ရက် ဒီနေ့မနက်အစောပိုင်းမှာလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

စစ်ကောင်စီ၏ စစ်သင်္ဘောများ ဗန်းမော်မြို့ကို ရောက်ရှိ

“မနေ့ညပိုင်းမှာ သင်္ဘောတချို့ ဗန်းမော်မြို့ကို ရောက်လာပြီ။ သင်္ဘောတွေ မြလည်နား ရောက်တော့ တိုက်ပွဲဖြစ်တယ်။ စကစဘက်က တစီးထိသွားတယ်” လို့ မြေပြင်သတင်းရင်းမြစ်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းရှာရန်ထွက်လာသည့် စစ်သားများ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မိုင်းရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေကို ပိုမို ပီပြင်ထင်ရှားစေတဲ့ အာဂျင်တီးနား တရားရုံး ဖမ်းဝရမ်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ် ထိပ်တန်းအရာရှိ​တွေကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် အာဂျင်တီးနားနိုင်ငံတရားရုံးက ဖမ်း၀ရမ်းထုတ်ပြန်လိုက်မှုဟာ အာဏာသိမ်း စစ်ခေါင်းဆောင်အတွက် နိုင်ငံရေးဖိအားသက်ရောက်ကြောင်းနဲ့ အလျင်အမြန်ဖမ်းဆီးနိုင်ဖို့ လိုအပ်ကြောင်း နိုင်ငံရေးအင်အားစုတွေကပြောပါတယ်။
Read More

ဂန့်ဂေါတွင် အတုအယောင်ရွေးကောက်ပွဲအတွက် မဲစာရင်းကပ်အသိပေးခြင်းနဲ့ လုံခြုံရေးတိုးမြှင့်ခြင်းများ ရှိနေသော်လည်း ပြည်သူလူထု စိတ်ဝင်စားမှုမရှိ…

"ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကစလို့ ဂန့်ဂေါမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ရွေးကောက်ပွဲအတွက် မဲပေးနိုင်ကြသူများစာရင်းတွေ ကပ်ထားတယ်လို့သိရတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ သွားမကြည့်ဘူး။ အယုံကြည်လည်းမရှိဘူး။ ပြည်သူ့ဆန္ဒမပါတဲ့ အတုယောင်ရွေးကောက်ပွဲ ဖြစ်နေလို့ပါ။" လို့ ဂန့်ဂေါဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။