သံဃာတော်တွေကို နေ့ဆွမ်း ကပ်လှူနေချိန်မှာ အာဏာသိမ်း စစ်ကောင်စီက ဗုံးကြဲလို့ သုံးဦး သေဆုံးပြီ: ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်ပါတယ်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မင်းစောရွာ ဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ဧပြီ ၁၉ ရက် မနက် ၁၁ နာရီဝန်းကျင်က သံဃာတွေကို ဆွမ်းကပ်လှူဒါန်းနေချိန် ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အသက် ၁၀ နှစ်အရွယ် ကိုရင် အရှင်ကေလာသ၊ အသက် ၆၀ အရွယ် နော်မဝဲနဲ့ အသက် ၆၅ နှစ်အရွယ် နော်လှမြင့်တို့ပါဝင်တယ်လို့ ဖော်ပြပါတယ်။

အရှင် ဥတ္တရ ၊ အရှင် ကိတ္တိ ၊ အရှင်မာနိတတို့ အပြင် အသက် ၂၆ နှစ်အရွယ် နော်မုကို့ ၊ အသက် ၂၇ နှစ်အရွယ် နော်မမိုး၊ အသက် ၂၈ နှစ်အရွယ် စောမောင်နူ၊ အသက် ၄၄ နှစ်အရွယ် စောကျော်ကေ့၊ အသက် ၆၂ နှစ်အရွယ် စောဂွတိုနဲ့ အသက် ၇၀ အရွယ် စောမောင်ရွှေတို့ ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် ဧပြီလ ၂၂ရက်နေ့အထိ တိုက်ခိုက်မှုတွေ ရပ်ထားမယ်လို့ပြောကြားထားတဲ့ စစ်ကောင်စီဟာ သကြ်န်ကာလအတွင်းနဲ့ လက်ရှိ အချိန်အထိပါ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီး အရပ်သားပြည်သူတွေလဲ အကြောင်းမဲ့ညသေဆုံးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

ရေဦး ပကဖ ဆီ စစ်ကောင်စီရဲ့ ရဲတစ်ဦး လက်နက်နဲ့ အလင်းဝင်၊ ရေဦး ပကဖ က သိန်း ၅၀ ဆုချီးမြှင့်…

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ဆီ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ယောက် လက်နက် ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမြို့နယ်က တောပုပျူစောထီးရွာကို ၄ ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Urban Hunter Force - UHF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေ

ပြည်နယ်နဲ့တိုင်း အသီးသီးက တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တွေကို စစ်ကောင်စီက စစ်သင်တန်းပေးနေတယ်လို့ သူ့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ရှမ်းမြောက်ပြန် အောင်ပွဲရ PLA ရဲဘော်တွေရဲ့ အိမ်အပြန်လမ်းမှာ ဒေသခံလူထုက သောင်းသောင်းဖြဖြ ကြိုဆို

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားတွေကို အညာဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေကျင် ခမရ ၅၉၈ တပ်ရင်းနှင့် ဝေါမြို့နယ် သူရဲသူမိန်ရွာက စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်၊ စစ်သား ၄ ဦး သေဆုံး

“၅၉၈ မှာ ပြန်တပ်စွဲဖို့ ပြင်နေ၊ ဘန်ကာဆောက်နေတဲ့ စစ်‌ေ-ွးတွေကို လက်နက်ကြီး၊ စနိုက်ပါနဲ့ သွားချတာပါ။ သေဆုံးတွေက ဒေသခံတွေ ပြန်ပြောတာပါ။ အရင် ၅၉၈ ကို တိုက်ပြီးကတည်းက အဲဒီ ဝန်းကျင်ရွာတွေက ပြန်နေလို့မရတော့ပါဘူး။ ပြန်နေလည်း စကစက ပြန်မောင်းထုတ်တဲ့ အခြေအနေတွေပါ” လို့ ပဲခူးခရိုင် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အမ်း-ပဒါန်းလမ်းပိုင်းမှာ ရခိုင်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ​ခြေလျင်တပ်တွေ တိုက်ခိုက်ခံရပြီး တပ်ကြပ်အဆင့်အပါ ၉ယောက်သေ

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း- ပဒါန်းလမ်းပိုင်းမှာ ရခိုင်ဘက်ကို စစ်ကူသွားတဲ့ စစ်တပ်စစ်ကြောင်းထဲက ခြေလျင်တပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ၉ယောက်သေဆုံးခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။