မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အယောက်၂၀ ထက်မနည်း သေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ၂၅ရက်နေ့ မနက်ပိုင်းက ငဖဲမြို့နယ်၊ နတ်ရေကန်အနီး စင်နာခြံကို ကင်းပုန်းဝပ်ဖို့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား၂၀နီးပါးကို PRA-Magway တပ်ဖွဲ့ဝင်တွေခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိပြီးဆုတ်ခွာသွားတယ်လို့သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၂၈ရက် မနက်ပိုင်းကလည်း အဆိုပါ နတ်​ရေကန်ဗျူဟာကုန်းကနေ ဆင်းလာတဲ့ အင်အား၆၀ပါ အကြမ်းဖက်စစ်ကြောင်းကိုဖြတ်တောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၆ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ယောက်ရှိခဲ့ကြောင်း PRA-Magway က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မတ်လ ၁၈ရက်နေ့၊ မနက်ပိုင်းကလည်း ငဖဲမြို့နယ်၊ ပဇီကျေးရွာကနေ လိုင်ကျေးရွာကို တက်လာတဲ့ တပ်မ ၉၉ လက်အောက်ခံ အင်အား ၄၀ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ PRA-Magway တပ်တွေ လိုင်ကျေးရွာလမ်းခွဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၇ယောက်သေကာ ၄ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

မတ်လ ၃၀ရက်နေ့ မနက်အစောပိုင်းမှာလည်း ပုသိမ်-မုံရွာလမ်းပိုင်းပေါ်က ပဒါန်းမြို့ဝင်ဂိတ်ကို PRA-Magway နဲ့ မင်းဘူးခရိုင် အမှတ် ၂တပ်ရင်းတို့ပေါင်းပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၄ယောက်ရှိခဲ့ကြောင်း သိရပါတယ်။

ပဒါန်းမြို့ဝင်ဂိတ်မှာ စစ်ကောင်စီ၊ ရဲနဲ့ စရဖအဖွဲ့ဝင် အင်အား၂၀ ကျော် တပ်စွဲထားပြီး အရပ်သားနဲ့ စျေးသည်တွေဆီက ဆက်ကြေးကောက်ငွေညှစ်ပြီး ဖိနှိပ်နေတာကြောင့် အခုလို တိုက်ခိုက်ခဲ့တာလို့ PRA-Magway က ထုတ်ပြန်ပါတယ်။

“ကျနော်တို့အနေနဲ့ စစ်ဆင်ရေးတွေ မရပ်မနား ဖော်ဆောင်နေတာရှိတယ်။ တချို့စစ်ဆင်ရေးအခြေအနေတွေ ငလျင်အခြေအနေတွေကြောင့် မထုတ်ပြန်တာမျိုးတွေ ရှိတယ်။ မဟာမိတ်ပူးပေါင်းရှိသလို သီးသန့်လှုပ်ရှားနေတာမျိုးလည်း ရှိပါတယ်” လို့ PRA-Magway ရဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
PRA-Magway အနေနဲ့ လက်ရှိမှာ AA အပါအဝင်မဟာမိတ်တော်လှန်ရေးအဖွဲ့စည်းတွေနဲ့ အမ်း-ပဒါန်းစစ်​ဆင်ရေးမှာ ပါဝင်ကာ စစ်နယ်ဝန်းချဲ့ထွင်လှုပ်ရှားဖို့ကိုလည်း ကြိုးစားနေတယ်လို့သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲဲအတွင်း Myingyan Black Tiger တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံး၊ အယောက် ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း Myingyan Black Tiger (MBT)တပ်ဖွဲ့က တပ်ဖွဲ့ဝင် ၇ယောက် ကျဆုံးကာ ခြေလက်င်္အဂါဆုံးရှုံးခဲ့သူတွေအပါအဝင် ရဲဘော်အယောက် ၃၀ ကျော်အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။
Read More

ဖယ်ခုံ PDF ၄ နှစ်တာအတွင်း ရဲဘော် ၁၆ ဦးကျဆုံး၊ ၁၇ ဦး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၁၀၀၂ တပ်ရင်း (ဖယ်ခုံ PDF) က တပ်ရင်းတည်ထောင်တာ ၄ နှစ်ပြည့်ချိန်တွင် ရဲဘော် ၁၆ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မုံရွာမှာ ဓားပြတိုက်၊ လူသတ်၊ ကားလုယက်မှု ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ နှစ်အောက် လူငယ်တွေဖြစ်ပြီး အသက် ၂၀ အရွယ် မိန်းကလေး ၂ ယောက် ပါဝင်…

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သလ္လာ အမှတ် ၄ ရပ်ကွက်၊ မိုဃ်းကောင်းလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက်လူသတ် ကားလုယူမှုမှာ ကျူးလွန်သူ ၆ ယောက်မှာ အသက် ၂၂ အောက်တွေ ဖြစ်ပြီး မိန်းကလေး ၂ ယောက်ပါဝင်တယ်လို့ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ထားပါတယ်။
Read More

ငလျင်ဘေးသင့်နေလည်း စစ်ဆက်တိုက်မည်ဟု မင်းအောင်လှိုင် ခြိမ်းခြောက်

ငလျင်ကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က အပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက် တိုက်ခိုက်သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
Read More

မွန်ပြည်ဖက်ဒရယ်ယူနစ်တစ်ရပ် ပေါ်ပေါက်ရေး လုပ်ဆောင်သွားမည်ဟု MSFC ပြော

မွန်ပြည်နယ်အတွင်း ဖက်ဒရယ်ဖော်ဆောင်ရေး လုပ်ငန်းတွေ တင်ပြဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ဖို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ တတိယအကြိမ်ညီလာခံကို ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ဒီပဲယင်းမြို့နယ် ပြည်သူ့အခြေပြုစာသင်ကျောင်းများမှာ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းတွေမှာ ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် ဒေသခံပညာရေးဝန်ထမ်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။