မကွေးအကျဥ်းထောင် တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်နဲ့အတူ ထောင်ဝန်းအတွင်းဖြစ်ပွားခဲ့တဲ့ တင်းမာမှုတွေမှာ နိုင်ငံရေးအကျဥ်းသားတွေ ချိတ်ဆက်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထောင်တွင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။

​ပြီးခဲ့တဲ့ ဧပြီလ(၁၃)ရက်နေ့က မကွေးအကျဉ်းထောင်ကို Local PDF တပ်ဖွဲ့ဝင်တွေကဝိုင်းဝန်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မှုရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း ထောင်အတွင်းမှာလည်း အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေကြား နှစ်ဖက်တင်းမာမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီလို နှစ်ဖက်တင်းမာမှုဖြစ်ပွားနေချိန်အတွင်း ထောင်ဗူးဝနဲ့ ကင်းမျှော်စင်ပေါ်မှာရှိနေတဲ့ အကျဥ်းဦးစီးဝန်ထမ်းတွေရဲ့ ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မရုံမှာ ရောက်ရှိ​နေတဲ့ နိုင်ငံရေးအကျဉ်းသား စောရွှေအောင် နဲ့ နောက်ထပ် နိုင်ကျဉ်း ၁ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီတင်းမာမှုအတွင်း နိုင်ငံရေးအကျဉ်းသားနဲ့ အခြားအကျဉ်းသားများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ယောက် ထက်မနည်း ဆေးဝါးကုသမှုခံယူနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီက နိုင်ငံရေးအကျဥ်းသားတွေကို ထောင်တွင်းစုံစမ်းစစ်ဆေးမှုတွေ​လုပ်ဆောင်ရင်း ဖြစ်စဥ်နှစ်ခု ဆက်စပ်မှုရှိအောင် ကြိုးစားနေတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“ဖြစ်စဥ်၂ခုက တစ်ပြိုင်တည်းနီးပါး ဖြစ်သွားတော့ ပြင်ပက Local PDF တွေနဲ့ နိုင်ကျဥ်းတွေ တိုင်ပင်ထားသယောင်ယောင် ​ဖြစ်သွားတယ်။ နိုင်ငံရေးအကျ​ဥ်းသူအကျဥ်းသားတွေဟာ စစ်ကောင်စီက သူတို့ကို ဘယ်လို ဥပဒေပုဒ်မတွေနဲ့ ချထားချထားတော်လှန်ရေးအောင်တော့မယ်ဆိုတဲ့ အမြင်နဲ့ တော်လှန်ရေးအောင်တာနဲ့အမျှ ပုဒ်မတွေအကျုံးမဝင်ဘဲ လွတ်မြောက်မယ်ဆိုတဲ့စိတ်တွေ ရှိကြပါတယ်။ ဘဝတွေရော အသက်တွေရော ပေးထားရတဲ့ သူတို့အနေနဲ့ သူတို့ရှေ့တိုက်ပွဲဖြစ်ပွားလာတဲ့အခါ လွတ်​မြောက်ရေးကို ကြိုးစားချင်တဲ့ဆန္ဒတွေဖြစ်ပြီး အခုလို ထိတွေ့မှုတွေဖြစ်ခဲ့တာပါ။ ဒါကို အကျဥ်းဦးစီးက အပြင်နဲ့အတွင်းက ချိတ်ဆက်ဖော်ဆောင်တယ်လို့ ထင်နေတယ်။ သူတို့လက်ထဲမှာလည်း နိုင်ငံရေးအကျဥ်းသားတွေပဲရှိတော့ မဲနေတာပါ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) တာဝန်ခံ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။

သူကပဲဆက်လက်ပြီး “လက်ရှိမှာတော့ အားလုံးကတော့ ကိုယ်စီယုံကြည်မှုတွေ၊ ကိုယ့်ရဲ့ဆန္ဒတွေနဲ့ကြိုးစားကြတယ်။ အသိအမှတ်လည်းပြုပါတယ်။ ရေရှည်ကျရင်တော့ ပိုမိုတိကျ စနစ်ကျတဲ့ မဟာဗျူ​ဟာမြောက်တဲ့ တိုက်ပွဲဖော်ဆောင်မှုတွေလုပ်၊ မြို့သိမ်းတိုက်ပွဲကနေမှ အကျဉ်းတံခါးချိုးဖောက်မှသာလျှင် အကျဥ်းသား လွတ်မြောက်မှုက ပိုပြီးမြန်မှာပါ။ လောလောဆယ်တော့ ခဏတာ အောင့်အီးထားကြဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။” လို့ဆိုပါတယ်။

ဧပြီလ ၁၃ရက် သင်္ကြန်အကြိုနေ့က ဒေါင်းစစ်အောင် Local PDF နဲ့ မကွေးပကဖ တို့ ပူးပေါင်းပြီး မကွေးအကျဥ်းထောင်ကို ရှော့တိုက်ဒုံးတွေ လက်နက်ငယ်တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ မကွေးထောင်ကို တိုက်ခိုက်ခဲ့တာထောင်တွင်းက အကျဥ်းသားတွေကို ထိခိုက်နစ်နာလိုစိတ်မရှိခဲ့ပါဘူး။ အားလုံးကိုလွတ်မြောက်စေချင်တာပဲ ရှိခဲ့တာပါ။ ဒါနဲ့ပတ်သက်တဲ့ ကောင်းခြင်းဆိုးခြင်းကို ကျနော် ထူးလေး ခံပါမ​ယ်။ အပြစ်ပြောမယ်ဆိုလည်းပြောပါ။ အခက်အခဲတွေကြားက သွားလုပ်ခဲ့ရတာပါ။” လို့ ဒေါင်းစစ်အောင် Local PDF တာဝန်ခံ ကိုထူးလေးက မောင်းကိုပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်မှ ရွေးကောက်ပွဲကို ထိခိုက်စေရန် လှုံ့ဆော်သူများကို အကြမ်းဖက် အရေးယူနေ၊ ဆက်ပြီး အရေးယူဖို့ စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး ပြော…

အကြမ်းဖက်စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆန့်ကျင်စာတွေ၊ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်စာတွေကို အွန်လိုင်းပေါ်မှာ ရေးသားဖြန့်ဝေသူတွေကို အရေးယူနေတယ်လို့ စစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ထွန်းထွန်နောင်က ပြောပါတယ်။
Read More

စစ်ကောင်စီက အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်နေလို့ လက်တုံ့ပြန်တိုက်ခိုက်တော့မယ်လို့ CNDF ဆို

အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတာများလာလို့  စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေးပြောဆိုလိုက်ပါတယ်။
Read More

မင်းအောင်လှိုင် ထားဝယ်လာမည်ဟု သတင်းထွက်နေပြီး ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ် တရစပ် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙) က မဟာမိတ်တပ်ဖွဲ့အဖြစ် ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

လက်ပံတန်းတွင် စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသလို ဒေသခံများကိုလည်း ဖမ်းဆီးထား

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ စီတုန်းရွာက နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေသလို ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။