ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဧရာဝတီတိုင်းစစ်ဌာနအနေနဲ့ မြစ်ဝကျွန်းပေါ်‌ဒေသကို အခြေချနိုင်ခဲ့တာဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုလုံးအတွက် အောင်ပွဲဖြစ်တယ်လို့ မေလ ၂၅ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့ ဗျူဟာ (၂၉) AYA PDF ရဲ့ သင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ကြောင်း တိုင်းစစ်ဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ဧရာဝတီ)၊ ဗျူဟာ (၂၉) AYA PDF အနေနဲ့ တပ်တည်ဆောက်မှု၊ တပ်ဖြန့်နေရာယူမှုဟာ အတိုင်းအတာတစ်ခုအထိ အထမြောက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

“စစ်ဗျူဟာအရ အဆင့် ၃ ဆင့်ကို ဖြတ်သန်းကြရာမှာ ပထမအဆင့် ကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင် ဒေသတိုင်းမှာ တပ်တည်ဆောက်မှု၊ တပ်ဖြန့်နေရာယူမှုဟာ အတိုင်းအတာတစ်ခုအထိ အထမြောက်ခဲ့ပြီး၊ ဧရာတိုင်းသားတွေရဲ့ အိမ်ပြန်ခရီးက ကွက်ပြည့်မဟာဗျူဟာကို ပြည့်စုံစေခဲ့တယ်” လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ဒါ့အပြင် ဒုတိယအဆင့်အနေနဲ့လည်း မဟာဗျူဟာ ထိုးစစ်ဆင်၊ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲကြရမှာဖြစ်ပြီး တတိယ နောက်ဆုံးအဆင့်မှာ တစ်နိုင်ငံလုံး အထွေထွေထိုးစစ်ကြီးကို ဆင်နွှဲကြဖို့ ခြေလှမ်းအစ ဖြစ်သလို PDF တပ်မတော် နဲ့ မဟာမိတ်တပ်တွေဟာ အထွေထွေထိုးစစ်ကြီး အတွက် ပြင်ဆင်နေတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

နှစ် ၇၀ ကျော် တည်ဆောက်ထားတဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ကို ၄ နှစ်သား PDF က ဦးကျိုးအောင် ချိုးပစ်နိုင်ခဲ့တယ်ဆိုတာ ရဲဘော်တွေရဲ့ လက်ရုံးရည်၊ နှလုံးရည် ထူးချွန်ထက်မြက်တာကို ဖော်ပြနေတယ်လို့လည်း NUG ဝန်ကြီးက တော်လှန်ရေးရဲဘော်တွေကို ချီးကျူးစကား ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ အမိန့်နာခံမှုကောင်းပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာတယ်၊ တိုက်ခိုက်စွမ်းရည်လည်း ရှိတယ်ဆိုတာကို မဟာမိတ်တပ်မှူးတွေကပါ ချီးကျူးကြသလို မြစ်ဝကျွန်းပေါ်သားတွေ တိုက်ပွဲဝင်နိုင်အောင် အဖက်ဖက်က ကူညီပေးခဲ့တဲ့ မဟာမိတ်ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေကိုလည်း အထူးကျေးဇူတင်ရှိကာ တိုက်ပွဲ ၁၀၀ မှာ အောင်ပွဲ ၁၀၀ ရရှိပါစေလို့လည်း ဦးရည်မွန်က ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

ရှမ်းမြောက်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သား ၁၀၀ ကျော် ထိခိုက်သေဆုံး

MNDAA ထိန်းချုပ်ရာ ရှမ်းမြောက်ဒေသက နယ်မြေတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု စုစုပေါင်း ၁၀၀ ကျော်သွားပြီဖြစ်ကြောင်း  MNDAA က ထုတ်ပြန်ပါတယ်။
Read More

ကနီ ပကဖ လေကြောင်းရန်ကာကွယ်ရေး သင်တန်းပေး (ဓာတ်ပုံသတင်း)

ကနီမြို့နယ်အတွင်း ပြည်သူအခြေပြု စာသင်ကျောင်းတွေမှာ လေကြောင်းအန္တရာယ် ကာကွယ်ရေးနဲ့ လက်တွေ့သရုပ်ပြသင်တန်း လေ့ကျင့်ပေးမှုတွေကို ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြုလုပ်ခဲ့ကြောင်း ပကဖအသံက ဖော်ပြထားပါတယ်။
Read More

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာလ ၂၄ ရက် မနေ့ကညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

ထားဝယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက်သေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ကြောင်း ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) က ထုတ်ပြန်ပါတယ်။
Read More

သပိတ်ကျင်းတွင် ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတစ်ပါး ပျံလွန်တော်မူ၊ ပြင်ဦးလွင်ခရိုင်ကို နေ့တိုင်းနီးပါး စစ်ကောင်စီ လေကြောင်းတိုက်ခိုက်နေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါး ပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

စဉ့်ကူးနှင့် သပိတ်ကျင်းကို စစ်ကောင်စီ ရှေ့ဆင့်နောက်ဆင့် လေကြောင်းတိုက်ခိုက်၊ ကလေးငယ်များ အပါအဝင် အရပ်သား ၆ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၆ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ထက်မနည်း ရှိခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။