သင်္ကြန်ပွဲကိုပျော်ရွှင်စွာကျင်းပခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းတွေတည်ရှိရာ နေပြည်တော်ကို ဗဟိုပြုကာ သင်္ကြန်အကျနေ့ မနက်အစောပိုင်းမှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။

ဒီနေ့ မဟာသင်္ကြန်အကျနေ့ ဧပြီလ ၁၄ ရက်နေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်က ဝန်ထမ်းအိမ်ရာအများစုမှာ ငလျင်ဒဏ်ကိုခံစားခဲ့ရပြီး အထက်မြင့်အဆောက်အဦးတွေပေါ်ကနေ အချိန်မီပြေးဆင်းခဲ့ရတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ NUG)

နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိမြို့နယ်အနီး မြေအောက်အနက် ၇.၆ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၄.၇ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။

စစ်ကိုင်းငလျင်ကြီးကြောင့် ပြည်သူ ထောင်ချီသေဆုံးခဲ့ပြီး အပျက်အစီးကြီးမားခဲ့ပေမယ့် နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဏာသိမ်းစစ်အုပ်စုဟာ မနေ့က ဧပြီလ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြပါတယ်။

0 Shares:
You May Also Like
Read More

အဓမ္မစစ်သားစုဆောင်းခံရသူ စစ်ကောင်စီတပ်သား၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ ထားဝယ် PDF ထံ အလင်းဝင်

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မစစ်သားစုဆောင်းခံရသူ စစ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ PDF ထားဝယ် ခရိုင် အမှတ် (၁) တပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

သီပေါတွင် အမျိုးသားတစ်ဦး စစ်ကောင်စီလက်ကျန်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ ကုန်စုံကျေးရွာမှာ ဒေသခံအမျိုးသား ၁ ယောက် စစ်ကောင်စီလက်ကျန်မိုင်းကို နင်းမိပြီး ညာခြေထောက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

အရာတော်မြို့နယ်တွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပအဖ၊ ပကဖ၊ ပလဖ တို့ အရေးယူ ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဆေးခြောက် (ဝိ) စိုက်ပျိုးမှုကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ - ပအဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ - ပလဖ တို့က စက်တင်ဘာ ၂၅ ရက်မှာ ကွင်းဆင်းပညာပေးခြင်း၊ အရေးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

မင်းလှမြို့နယ် ဇရစ်မျှောင်ရွာမှ အမျိုးသမီး ၅ ဦးအား စစ်ကောင်စီ ဖမ်းဆီးထား

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဇရစ်မျှောင်ရွာက အမျိုးသမီး ၅ ယောက်ကို စစ်အုပ်စုက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KIA ဖမ်းဆီးခဲ့တဲ့ သတင်းထောက် ၂ ယောက် ပြန်လည်လွတ်မြောက်လာ

ကချင်ပြည်နယ် ဖားကန့်အခြေစိုက် သတင်းထောက် ၂ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ ဖမ်းဆီးသွားပြီးနောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။
Read More

သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း အပတ်စဥ် (၈) နှင့် (၉) အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးအခြေအနေအရ လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။