ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ရဲ့ လှုပ်ရှားနယ်မြေတွေမှာ ဒေသခံပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

DPLA ရဲ့ လှုပ်ရှားနယ်မြေတွေမှာ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းတွေကို ကိုင်တွယ်ခြင်း၊ ဆော့ကစားခြင်းတွေ ပြုလုပ်ရာက ပေါက်ကွဲမှုကြောင့် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတဲ့ ပြည်သူလူထုနဲ့ ကလေးငယ်တွေ၊ တိုက်ပွဲမဖြစ်ပွားဘဲ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုးအိမ်ပျက်စီးမှုတွေနဲ့ အသက်ဆုံးရှုံးမှုတွေ တစ်ရက်ထက်တစ်ရက် ပိုမို များပြားလာခဲ့တယ်လို့ ဆိုပါတယ်။

အဲ့လို အသက်ဆုံးရှုံးမှုတွေနဲ့ ထိခိုက်မှုတွေ လျော့ပါးစေဖို့ အသိပညာပေး ဟောပြောခြင်း၊ သရုပ်ပြသခြင်း၊ ပိုစတာတွေ ကပ်ခြင်းနဲ့ အသက်အန္တရာယ် ထိခိုက်မှုတွေက ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေကို DPLF/DPLA က ပြုလုပ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတဝှမ်းလုံး ငလျင်သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုကို လူသားမဆန်စွာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ပုလောမြို့နယ် လက်ပံ့ပြင်ကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲမှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ၊ ဘာသာရေး အဆောက်အအုံတစ်လုံး ပျက်စီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ယောက် သေဆုံးပြီး ၁၀ နှစ်အောက် ကလေးငယ် ၂ ယောက်အပါအဝင် ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင် က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံတစ်ဝန်းက ရေဘေးသင့် ပြည်သူတွေအတွက် NUG အစိုးရက အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ဆက်လက်ဆောင်ရွက်ပေးနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသတွေက ဒေသခံပြည်သူများအတွက် “တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်ကတဆင့် ပေးပို့လှူဒါန်းကြတဲ့ အလှူငွေတွေကို ရေဘေးသင့် ပြည်သူတွေဆီ မြေပြင်တာဝန်ခံတွေနဲ့ ပူးပေါင်းချိတ်ဆက် ထောက်ပံ့နေတယ်လို့ သိရပါတယ်။
Read More

မြန်မာစာပေလောကမှ ထင်ရှားသူ ဆရာမောင်ခင်မင်(ဓနုဖြူ) ကွယ်လွန် 

မြန်မာ့စာပေလောကမှာ ထင်ရှားကျော်ကြားသူ အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင် (ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၇ ရက် မနေ့ည ၁၂နာရီ ၃၀ မိနစ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
Read More

ထားဝယ်အခြေစိုက် ခမရ ၄၀၁ မှ စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ဖြင့် အလင်း၀င်လာ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ) ၄၀၁ က စစ်ကောင်စီတပ်သား ၁ ယောက် လက်နက်နဲ့ အလင်း၀င်ရောက်လာ တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကျုံပျော်မှာ AA တပ်ဖွဲ့ဝင်တွေ ရောက်နေတယ်ဆိုပြီး စစ်ကောက်စီက မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထား

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းမှာ အရက္ခတပ်တော် AA တပ်ဖွဲ့ဝင်တွေ ရောက်နေပြီဆိုပြီး စစ်ကောင်စီတပ်က မြို့ရဲ့အတွင်းအပြင် လုံခြုံရေးတင်းကျပ်ကာ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖ နဲ့ PDF ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင်း စစ်ကောင်စီ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို ပကဖနဲ့ PDF တွေက ဇန်နဝါရီလ (၂၀) ရက်မှာ သွားရောက်ထောက်ပံ့ကူညီခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။