စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။

စစ်ကိုင်းခရိုင်ကွပ်ကဲရေးမှူးရဲ့ ညွန်ကြားမှုနဲ့ မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာ ရွာအလယ်စျေးအနီး ကိုးဆူဘုရားမှာ အင်အား ၂၉ ခန့်နဲ့ ဘန်ကာဆောက်ပြီး လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၈ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်တွေ ဘန်ကာကို ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ ထိခိုက်ဒဏ်ရာရပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ စခန်းချထားတဲ့ ဘန်ကာ ၅ လုံးကို ရှင်း လင်းခဲ့ပြီး အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိပြီးထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၆ ဘောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး အသက် (၂)နှစ်အရွယ် ကလေး ငယ် ၁ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ (M.C.R.F)၊ စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့ (စစ်ကိုင်းခရိုင် ပ.လ.ဖ)၊ စစ်ကိုင်းခရိုင် တိုက်ခိုက်ရေးတပ်ခွဲ၊ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မြင်းမူ ပ.လ.ဖ)၊ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းမူ ပ.က.ဖ)၊ Black Eagle Defense Force MMU၊ တောချောင်းဦးတိုက်နယ် ပ.က.ဖနဲ့ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့ (M.L.G.F)တို့ က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

YE-U Freedom Comrades မှ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ ဒရုန်းလွှတ်တင်စဉ် မတော်တဆမှုဖြစ်ပွား (ရုပ်/သံ)

စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ဖို့ Fixed Wings ဒရုန်းလွှတ်တင်စဉ် မတော်ဆမှုဖြစ်ပွားကာ ပေါက်ကွဲခဲ့တဲ့ ရုပ်သံကို YE-U Freedom Comrades မှ ထုတ်ပြန်ထားပါတယ်။
Read More

ဖြူးမြို့နယ် စိုးမိုးနယ်မြေများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့် (ရုပ်/သံ)

ပဲခူးတိုင်း၊ ဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေအတွင်း လုံခြုံရေး ကင်းလှည့်စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပကဖအသံက ဖော်ပြထားပါတယ်။
Read More

မုံရွာမှာ သန်းခါင်စာရင်းလာကောက်တဲ့ စစ်ကောင်စီလက်အောက်ခံတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ၂ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ ၈ရက် မနက်ပိုင်းက ညောင်ပင်စောင့်ကို သန်းခေါင်စာရင်းလာကောက်တဲ့ စစ်ကောင်စီလက်အောက်ခံတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ‌ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိတယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

MBT နှင့် RBDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ချေမှုန်းရေးရိုင်ဖယ်သေနတ် ထုတ်လုပ်အောင်မြင် (ရုပ်/သံ)

BT-16 လို့ နာမည်ပေးထားတဲ့ ချေမှုန်းရေးရိုင်ဖယ်သေနတ်ကို Myingyan Black Tiger (MBT)တပ်ဖွဲ့နဲ့ Royal Brother Defence Force (RBDF)တပ်ဖွဲ့တို့ ပူးပေါင်းထုတ်လုပ်မှု အောင်မြင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
Read More

ပေါက်မြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ (ကပစ ၂၄) ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းမှာ Fixed Wings ဒရုန်း ၆ စီး အသုံးပြုပြီး ၆၀ မမ ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အနာဂတ်လူငယ်များ ထပ်ပြီး မဆုံးရှုံးရစေရန် အနုပညာရှင် ခါရာ ဗုံးခိုကျင်းကမ်ပိန်းပြုလုပ် (ရုပ်/သံ)

"စကစက ကျွန်တော်တို့ ဆေးရုံတွေ ကျောင်းဆောင်တွေကို အဓိကတိုက်ခိုက်ပါတယ်။ အဲတော့ ဆေးရုံတွေ ကျောင်းဆောင်တွေမှာ ကျွန်တော်တို့ ဗုံးခိုကျင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ဗုံးခိုကျင်းမရှိရင် လုံးဝမလွယ်ပါဘူး" လို့ ခါရာက ဆိုပါတယ်။