စစ်ကောင်စီက ကယန်းအမျိုးသားနေ့ ကျင်းပရာ သိကျိတ်ရွာကို ဗုံးကြဲခဲ့မှုအပေါ် ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။

ကယန်းအမျိုးသားနေ့ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းက သိကျိတ်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က မနေ့က ဧပြီလ ၁၀ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကယန်းအမျိုးသားတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကယန်းအမျိုးသားနေ့ အထိမ်းအမှတ် ကျင်းပနေစဉ် သိကျိတ်ကျေးရွာက လူနေအိမ်တွေကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၂၀၀ဗုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

အာဏာသိမ်း စစ်ကောင်စီဟာ တိုင်းသိပြည်သိ ကမ္ဘာသိ အပစ်ရပ်ကြောင်းကြေညာထားချိန် သိကျိတ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ ကယန်းပြည်သစ်ပါတီက ရှုတ်ချကန့်ကွက်လိုက်ပါတယ်။

သိကျိတ်ကျေးရွာဟာ ကယန်းပြည်သစ်ပါတီရဲ့ ဗဟိုစည်းဧရိယာအတွင်းမှာ ရှိတာဖြစ်လို့ စစ်တပ်က ၁၉၉၄ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အတိအလင်းချိုးဖောက်တာလို့လည်း ဆိုပါတယ်။

စစ်တပ်က အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ၂ယောက် ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

လက်ပန်လှရွာ ရဲစခန်းကို စစ်တပ်ဗုံးကြဲမှုကြောင့် အကျဥ်းသားနှင့် သံသယတရားခံ ၂၂ ဦး သေဆုံးပြီး အယောက် ၃၀ ဝန်းကျင် ဒဏ်ရာရ၊ ရွှေပန်းတောရွာတွင်လည်း ၂ ဦး အသက်ဆုံးရှုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာနဲ့ ရွှေပန်းတောကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၄ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ဝန်းကျင် ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။
Read More

ဖြူးမှာ စစ်တောင်းမြစ်ကမ်းဘေးက ရေးဘေးသင့် ပြည်သူတွေကို မြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေ သွားရောက်လှူဒါန်း

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ၊ စစ်တောင်းမြစ်ကမ်းဘေးက ရေဘေးသင့်ကျေးရွာတွေကို အလှူရှင်တွေရဲ့ ကိုယ်စား ဖြူးမြို့နယ် ပကဖ ၊ ပအဖ နဲ့ လူသားစာနာအဖွဲ့တွေက ဒီနေ့ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Read More

ညောင်လေးပင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က ၁ ဦး သေဆုံး

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၁ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၇၀၃ တပ်ရင်း (မီးနဂါးတပ်ဖွဲ့) က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီး နှစ်ဖက်သေဆုံးထိခိုက်မှုရှိ၊ စစ်သား ၃ ယောက် အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ၊ ကျောက်ဂူ‌တိုက်နယ်ကျေးရွာအနီး ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားရာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၃ ခုတွင် စစ်ရှောင်နဲ့ဒေသခံပြည်သူတွေအတွက် NUG အစိုးရမှ အာဟာရနဲ့ ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကသာ၊ ချောင်းဦး၊မြင်းမူ စတဲ့မြို့နယ်တွေမှာ ရှိတဲ့ စစ်ဘေးရှောင်နဲ့ ဒေသခံပြည်သူတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ လူ့အခွင့်ရေးရာတာဝန်ခံတွေက ဦးဆောင်ပြီး အာဟာရကျွေးမွေးမှုနဲ့ထောက်ပံ့ကူညီမှုတွေကို ဇူလိုင်လအတွင်း ပြုလုပ်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အပြီး အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် မြင်လာရသလို ထိုးစစ်ဆင်ဖို့ အင်အားစုဖွဲ့မှုတွေလည်း ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ မဲခေါင်အစည်းအဝေးကို တက်ရောက်ပြီး မြန်မာနိုင်ငံကို ပြန်ရောက်လာတာနဲ့ တပြိုင်နက် သူ့ရဲ့ အာဏာသိမ်း စစ်တပ်ဟာ ရှမ်းမြောက်ဒေသနဲ့ ကရင်နီပြည်တို့မှာ လူအင်အားဖြည့်တင်းနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်လာနေပါတယ်။