ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force – Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဧပြီလ ၆ ရက်က ဟားခါးမြို့တွင်းရှိ ရဲ တစ်ယောက်ဟာ စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးနဲ့ ပူးပေါင်းပါဝင်ဖို့ လက်နက်ခဲယမ်းတွေနဲ့အတူ Chinland Defense Force – Hakha ဆီ အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ ရဲတပ်သားကို Chinland Defense Force – Hakha က နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပြီး ငွေသားဆုကြေးတွေ ချီးမြှင့်ခဲ့တဲ့အပြင် လုံခြုံတဲ့နေရာရောက်တဲ့အထိ တာဝန်ယူဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ လက်အောက်မှာ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်ဆီ ဘက်ပြောင်းချင်သူတွေကို အမြဲတမ်းကြိုဆိုနေပြီး လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူသွားမယ်လို့ Chinland Defense Force – Hakha က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်စီးလို့ မီးဘေးသင့်ခဲ့တဲ့ ဘုတလင်မြို့နယ်ထဲက ကျေးရွာ ၅ ရွာကို အခြေခံစားသောက်ကုန်တွေ လှူဒါန်း…

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့လို့ မီးဘေးသင့်နေတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေကို စစ်ကိုင်း ပြည်သူ ဖေးမကူ ကွန်ယက် အလှူရှင်တွေကိုယ်စား The Helpers For Spring အဖွဲ့က အခြေခံစားသောက်ကုန်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။
Read More

ရေစကြိုမှာ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းသင်တန်းတက်ခဲ့ရသည့် စစ်သား ၄ ဦး ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၂၅၈) တပ်ရင်းက စစ်ကောင်စီတပ်သား ၄ ယောက်ဟာ ခဲယမ်းတွေနဲ့တကွ အလင်းဝင်လာတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၄) တပ်ရင်း၏ အခြေခံစစ်ရေးသင်တန်းဆင်းပွဲနှင့် တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား

ရှမ်းတောင်ကယား (ကရင်နီ) တိုင်းစစ်ဌာန ၊ ရှမ်းတောင်စစ်ဒေသ စစ်နည်းဗျူဟာအမှတ် (၁၄) ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁၀၀၄) တပ်ရင်း ရဲ့ တပ်ရင်း အခြေခံစစ်ရေးသင်တန်းဆင်းပွဲ နဲ့ တပ်ရင်းပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

စစ်မှုထမ်းတာဝန် ကျေပွန်သူများကို ပြည်ပအလုပ်အကိုင် ရှာပေးမည်ဟု စစ်ကော်မရှင် ပြော

စစ်မှုထမ်းတာဝန် ကျေပွန်အောင် ထမ်းဆောင်ခဲ့သူတွေကို ပြည်ပနိုင်ငံတွေ သွားရောက်အလုပ်လုပ်ချင်ရင် အလုပ်အကိုင်ရှာပေးမယ်လို့ အာဏာသိမ်း စစ်ကော်မရှင်က ပြောဆိုလိုက်ပါတယ်။
Read More

နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံ စကားဝိုင်းပြုလုပ်မယ်

စစ်အာဏာသိမ်းမှု ၄ နှစ်တာကာလအတွင်း နွေဦးတော်လှန်ရေးရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေး အတွေ့အကြုံတွေကို NUG အစိုးရအဖွဲ့ဝင်တချို့နဲ့ တော်လှန်ရေးအင်အားစုတွေက စကားဝိုင်းပြုလုပ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
Read More

လောင်းလုံးမြို့ပေါ် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ကို သွားရောက်တိုက်ခိုက်၊ စစ်တပ်က ၂ ဦး သေပြီး ၇ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်က ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။