ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ကပစ ၁၁ ကို တာဝေးပစ်မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး အဆောက်အဦးတချို့ မီးလောင်ပျက်စီးတာတွေရှိခဲ့ကြောင်း Urban Special Operation (U.S.O) က သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မစ်ဇိုင်းဒုံး မစ်ရှင်တစ်ခု
ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့၊ ညပိုင်းက ကပစ ၁၁ စခန်း ရှိရာကို Urban Special Operation (U.S.O) နဲ့ Shadow (S.A.F) တပ်ဖွဲ့တို့ ပူးပေါင်းပြီး တာဝေးပစ်မစ်ဇိုင်းဒုံး ၃လုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ ကနဦးသိရှိချက်အရ စစ်ကောင်စီဘက်က အရာရှိနဲ့တပ်သား ​၅ယောက်သေဆုံးပြီး ၁၆ယောက်အထိ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့သလို လက်နက်စက်ရုံ၊ ရိက္ခာနဲ့ ခဲယမ်း ဂိုဒေါင်တွေမီးလောက်ပျက်စီးခဲ့ကြောင်း Urban Special Operation ( U.S.O) က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီအတွက် စစ်ကောင်စီက သတင်းမထွက်စေဖို့ တပ်တွင်းအချင်းချင်း စစ်ဆေးတာတွေ လုပ်ဆောင်ရင်း လုံခြုံရေးတိုးမြှင့်ကာ အရပ်ဝတ်မာဖီတွေနဲ့ နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
“တော်လှန် ပြည်သူနဲ့ တော်လှန် ညီကိုရဲဘော်တွေသတိထား လှုပ်ရှား သွားလာကြဖို့ သတိပေးအပ်ပါတယ်။ ဆက်လက်ပြီးတော့လည်း မြို့ပြစစ်ဆင်ရေး အရှိန်တိုးမြှင့်မှာဖြစ်တာကြောင့် တော်လှန်ပြည်သူတွေ ပူးပေါင်းပါဝင် အားဖြည့်ကြဖို့ ထပ်မံတိုက်တွန်းနှိုးဆော်ပါတယ်။ သတင်းကောင်းတွေ ဆက်လက်ထုတ်ပြန်နိုင်ဖို့ ကြိုးစားပါမယ်။” ဟု Urban Special Operation (U.S.O) က ပြောပါတယ်။
ကပစ ၁၁ စခန်းအနေနဲ့ နိုင်ငံနဲ့တစ်ဝှမ်း စစ်ကောင်စီတပ်တွေအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ထောက်ပံ့ပေးနေတာဖြစ်တာကြောင့် အခုလို တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့ ဆက်လက်ပြီးတော့လည်း စစ်အုပ်စု စီးပွားရေးနဲ့ ပက်သက်ဆက်နွယ်မှုတွေကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်သွားမယ်လို့ Urban Special Operation (U.S.O) က ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

စစ်ကောင်စီလက်အောက်ခံ BGF တပ် အခြေခံစစ်ပညာသင်တန်း ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကရင်အမျိုးသားတပ်မတော် (KNA) လို့ နာမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) က အမှတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၅ ရက် မနေ့က BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်မြို့သစ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်မမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ကျော်အထိ သေဆုံးခဲ့

အာရက္ခတပ်တော် AA ရဲ့ ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်သား အင်အား ၁၂၀၀ ကျော် သုံးပြီးခုခံပေမဲ့ ဂွမြို့ကိုသိမ်းပိုက်နိုင်ခဲ့ကာ တပ်မမှူးတဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ရာကျော် သေဆုံးတယ်လို့AA က ဒီဇင်ဘာလ ၂၉ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

နာမည်ကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

ကိုယ်ပိုင်သံစဉ် သီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီလ ၂၃ ရက် မနေ့ညက ရန်ကုန်မြို့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဟုမ္မလင်းမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးကာ ရိက္ခာများ မျှဝေထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး၊ ရိက္ခာတွေမျှဝေထောက်ပံ့ခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံမြို့နယ် ရေကြောင်းစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်သင်္ဘောများကို တော်လှန်ရေးအဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မန္တလေးတိုင်း၊ မြင်းခြံမြိုန့ယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ် ဆိတ်ညံ‌ရေတင်ရုံးကို အကြမ်းဖက်စစ်သင်္ဘောတွေ ရောက်ရှိ ဆိုက်ကပ်ထားချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပုလဲနယ်အတွင်းက စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်တဲ့ ဒရုန်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းစစ်ဆင်ရေးပြုလုပ်…

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဆရာဒေါင်းဦးဆောင်မှုနဲ့ တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်းပြီး နေ့ရောညပါ ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့ တာဝန်ရှိသူတွေ ဆီက သိရပါတယ်။