နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာကို စစ်တပ်က လေကြောင်းကနေ အဆိပ်ငွေ့ ဗုံးသုံးလုံးကြဲချ တိုက်ခိုက် ခဲ့တယ်လို့ TNLA က ဒီနေ့ ဧပြီ ၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

မနေ့က ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ပိုင်းမှာတောင်ခမ်းကျေးရွာအနီး စစ်ကောင်စီရဲ့ ၉၀၂ တပ်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေချိန် လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဧပြီလ ၂ ရက်မှ ၂၂ ရက်နေ့ အထိ ရက်ပေါင်း ၂၀ ကြာ အပစ်ခတ်ရပ်ထားတယ်လို့ ဆိုပေမယ့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များ လေကြောင်းကနေ တိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မိုးကုတ်မြို့ အနောက်ပိုင်းနဲ့ နောင်ချိုမြို့နယ်ရှိ နောင်လင်ကျေးရွာနှင့် နမ့်ဆောင်ဟူးကျေးရွာတို့ကိုလည်း ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်လို့ လူနေအိမ်တွေပျက်စီးခဲ့ရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ မရောက်အောင် စစ်ကောင်စီ ကန့်သတ်ထိန်းချုပ်နေ

ကရင်နီဒေသထဲကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ မရောက်ရှိအောင် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း  ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IECက ဒီနေ့ အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမှာ စစ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ စစ်သား ၂ ဦးနှင့် ရဲ ၁ ဦး အလင်းဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်သား ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သား ၂ ယောက်နဲ့ ရဲ ၁ ယောက် အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ထီးလင်းမြို့နယ်ဘက် စစ်တပ် စစ်ကြောင်းထိုးရင်း ဒေသခံ ၁၀ ဦးဝန်းကျင်ကို ဖမ်းဆီးသွား

မကွေးတိုင်း၊ ထီးလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

စစ်အာဏာရှင်တွေကို တိုက်ထုတ်ဖို့ မန္တလေး PDF ဖိတ်ခေါ်

“စစ်မှုထမ်း အပတ်စဉ် ဆိုတာကလဲ အပတ်စဉ် (၁၂)နဲ့ တင်မက နောက်ထပ်ရသလောက်၊ သူတို့လိုသလောက် ဆက်တိုက်လုပ်ဆောင်သွားမှာဖြစ်လို့ ဒီကိစ္စက တောရော မြို့ပါမကျန် လူငယ်တိုင်း သတိချပ်ကြပါ။ နောက်ဆုံးမဖြစ်မနေ လက်နက်ကိုင် တိုက်ပွဲဝင်ရတော့မယ်ဆိုရင်လည်း တရားသောဘက်ကပဲ ရပ်တည်ဖို့ ဆုံးဖြတ်ကြပါ” လို့လည်း MDY PDF က‌ထုတ်ပြန်ထားပါတယ်။
Read More

မိုးကုတ်မြို့အနောက်ပိုင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှု ၁၃ ဦးသေပြီး ၂၀ ဝန်းကျင်ဒဏ်ရာရ…

"လေယာဉ်အန္တရာယ်နဲ့ ပတ်သက်ပြီးတော့ ပညာပေးသတိပေးတာတွေတော့ ရှိတာပေါ့၊ လေယာဉ်လာတဲ့အချိန်က သတိပေးတာမျိုးတော့မရှိဘူး၊ လေယာဉ်ကအသံကြားတာ နဲ့ ကြဲပြီးသားဖြစ်သွားတာ၊ TNLA က လမ်းပြင်ဖို့ ဆိုပြီးတော့မှ မြို့ ၊ အဝင်အထွက်လမ်းတွေကို ပြင်ဖို့ကို ပိတ်ထားတာ ကားတွေကတော့ သွားလို့မရဘူး" လို့ ဆိုပါတယ်။