မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီပိုင် ခွဲတမ်းဆီ (စားအုန်းဆီ) ပေပါတွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားကို ပခုက္ကူ-ရေစကြို လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးစစ်ဆေး သိမ်းဆည်းခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။

ဧပြီလ ၁ရက် ညနေပိုင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ၆ဘီး ကားအတွင်း စားအုံးဆီ ပေပါ အလုံး ၅၀ (ပိဿာချိန် ၅၅၀၀) တင်ဆောင်လာတာဖြစ်ပြီး ရေစကြိုမြို့ကိုသယ်​ဆောင်တာဖြစ်ကြောင်း သိရပါတယ်။

ပခုက္ကူ-ရေစကြိုလမ်းပိုင်းအတွင်း စစ်ကောင်စီက အဆိုပါ ခြောက်ဘီးကားကို အသုံးပြုကာ ခွဲတမ်းဆီတွေနဲ့ ရိက္ခာဆန်တွေကို မကြာခဏဆိုသလို ပခုက္ကူမြို့ကနေ ရေစကြိုမြို့နယ်ဆီ သယ်ဆောင်နေခဲ့တာဖြစ်ပြီး ၂လကြာစောင့်ကြည့်ပြီးတဲ့နောက် အခုလို ဖမ်းဆီးခဲ့တာလို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။

“စကစက ရေစကြိုမြို့ကို ဆီရောင်းချခွင့်၊ သယ်ယူခွင့်တွေ ပိတ်ပြီး လက်ဝါးကြီးအုပ် ဈေးကွက်တစ်ခုကို ရယူထားခဲ့တယ်။ သက်သာချောင်ချိရေးလို့ ခေါင်းစဉ်တပ်ပြီး သမ ခေတ် ကလို စားဆီဝယ်ယူခွင့်ကဒ်တွေ ထုတ်ပေးတယ်။ ပြည်သူအချို့ကို တစ်အိမ် တစ်ပိဿာနှုန်း ရောင်းချပေးတယ်။ ပြည်သူအချို့ ဆိုတာ စစ်ကောင်စီနဲ့ ပတ်သတ်တဲ့သူတွေ၊ ဝန်ထမ်းတွေဖြစ်ပြီး လျှော့ဈေးနဲ့ အနည်းအကျဉ်းသာ ရောင်းချပေးတာ ဖြစ်တယ်။ ဥပမာ ပြန်လည်ရောင်းချခွင့် ဆီ ပေပါ ၅၀ မှာ ၅ပေပါနဲ့ ၁၀ ပေပါ လောက်ကိုပဲ ပြည်သူဆီ ရောင်းပြီး ကျန်ဆီတွေကိုတော့ ဈေးကွက်ပေါက်ဈေးနဲ့ ဆီဈေးကွက်ကို ကိုင်တွယ်ရောင်းချပါတယ်။ ခွဲတမ်းဆီဆိုပြီး တစ်လ ကို ၄ ကြိမ် လောက် ထုတ်ယူရောင်းချတယ်။ စကစက လက်ဝေခံအမည်ယူပြီး ဆီဈေးကွက်ကို ကိုင်တွယ်ထားခဲ့တာပါ။” လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

Southern YSO PDF သိမ်းဆည်းရမိသော ဆီတင် ခြောက်ဘီးကား

စစ်ကောင်စီအနေနဲ့ ဆီသယ်ယူရာမှာလည်း မြို့နေ လုပ်ငန်းရှင်တချို့ရဲ့ နာမည်ကို အသုံးချပြီး ပြည်သူပိုင်ပစ္စည်းအဖြစ် သယ်ဆောင်နေခဲ့တာဖြစ်ကြောင်းနဲ့ အသုံးချခွင့်ပေးထားတဲ့ လုပ်ငန်းရှင်နာမည်တွေကိုလည်း သိထားကြောင်း ကိုအောင်မောင်းက ပြောပါတယ်။

“ခွဲတမ်းဆီ ဆိုပြီး သယ်တယ်။ လုပ်ငန်းရှင် အိမ်မှာ ချတယ်။ ညကျ ဘေးတွဲနဲ့ ရုံးပေါင်းစုံကို ခိုးပို့တယ်။လုပ်ငန်းရှင်များလည်း အခြေအနေကို ပြင်ဆင်သင့်နေပါပြီ။” လို့ ကိုအောင်မောင်းက ရေးသားထားပါတယ်။

သိမ်းဆည်းရမိတဲ့ ဆီ ပေပါတွေနဲ့ ခြောက်ဘီးကားကို တော်လှန်ရေးလုပ်ငန်းစဉ်အတွက် အသုံးပြုသွားမှာဖြစ်ကြောင်းနဲ့ ကားဒရိုင်ဘာ၊ ကားနောက်လိုက်တို့ကိုတော့ ပြန်လွှတ်ပေးမှာဖြစ်ကြောင်း၊ သိမ်းဆည်းခဲ့တဲ့ ပစ္စည်းတွေထဲ အရပ်သားစစ်စစ်တွေရဲ့ ပစ္စည်းပါဝင်ခဲ့ရင်လည်း ပြန်လည်ပေးအပ်သွားမယ့်အကြောင်း Southern YSO PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်တွင် စာမေးပွဲအတွက် စာလုပ်နေသည့် ၁၀ တန်းကျောင်းသား စစ်တပ်ဗုံးကြဲမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၀ တန်းကျောင်းသားတစ်ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ (၁) တပ်ခွဲမှူးထံက သိရပါတယ်။
Read More

စစ်ဗိုလ်နာမည် အသုံးချကာ မူးယစ်ဆေးသုံးစွဲသူထံမှ ငွေကျပ် ၆၅ သိန်း တောင်းခံသည့် အုပ်ချုပ်ရေးမှူး ဖမ်းဆီးချုပ်နှောင်ခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ စစ်ဗိုလ်နာမည်အသုံးချပြီး မူးယစ်ဆေးဝါးသုံးစွဲသူဆီက လိမ်လည်ငွေညှစ်ခဲ့တဲ့ သဲတော၊ အမှတ်၁ ကံဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်ညွန့်ဆိုသူ ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း Voice Of Wundwin တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

နေပြည်တော်မှာ အမေရိကန်ဆေးပညာရှင်အဖွဲ့ အရေးပေါ်ဆေးရုံဖွင့်လှစ်ပြီး ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စတင်…

အမေရိကန်ပြည်ထောင်စုအခြေစိုက် ဆေးပညာရှင်အဖွဲ့ Samaritan’s Purse အဖွဲ့က နေပြည်တော်မှာ အရေးပေါ်ဆေးရုံ ဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်နေပြီလို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါပြိုကျ၊ တာဝါအတွင်း ဝန်ထမ်းသေဆုံးမှု များပြားနိုင်

ဒီနေ့ မတ်လ ၂၈ရက် နေ့လယ်ပိုင်း လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် နေပြည်တော် လေကြောင်းထိန်းသိမ်းရေးတာဝါ ပြိုကျသွားခဲ့ပါတယ်။
Read More

ဆောထိမြို့နယ်တွင် စစ်အုပ်စု တရက်အတွင်း ၁၂ ကြိမ် လေကြောင်းတိုက်ခိုက်ကာ ပေါင် ၅၀၀ ဗုံး ၂၄ လုံး ကြဲချ၊ မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ကို အကြမ်းဖက်စစ်တပ်က တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ် ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

စိုးမိုးနယ်မြေအတွင်း ပြည်သူကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တဲ့ PLA (ဓာတ်ပုံသတင်း)

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်အောက်ခံ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA (အမှတ် ၈၁၅ တပ်ဖွဲ့ ၊ အနောက်မြောက်စစ်ဒေသ) ဆေးတပ်ဖွဲ့က စိုးမိုးနယ်မြေအတွင်းရှိ အဖိနှိပ်ခံပြည်သူလူထုကို အခြေခံကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။