မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ People’s Democratic Army ထံက သိရပါတယ်။
ဧပြီ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်ပြင်ကန်ကျေးရွာကို အင်အား ၂၀၀ ခန့်နဲ့ ၆၀ မမ လက်နက်ကြီး ပစ်ခတ်တာ၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မီးရှို့မှုအတွင်း နေအိမ် ၁၂ လုံး ပျက်စီးခဲ့ရပြီး ကျေးရွာအတွင်း တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်း ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။