စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက ငလျင်ဘေးဒဏ်သင့် အိမ်ထောင်စု (၅၀၀) ကို စစ်ကိုင်းမြို့နယ် ပကဖ က ရိက္ခာ ထောက်ပံ့သွားမယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

စစ်ကိုင်းမြို့နယ် ပကဖ (ဇုန်၂) နဲ့ မြို့နယ် ပကဖ တပ်ခွဲ၂ က ဦးဆောင်ပြီး ငလျင် ဘေးဒဏ်သင့် အိမ်ထောင်စုတွေအတွက် ဆန် ၄၄ ပိုင်း၊ ဆီ ၁၀ ပုံး၊ ကြက်သွန်အချိန် ၁ ထောင်နဲ့ ခရမ်းချဉ်သီး စတာတွေကို ထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

သဘာဝဘေးကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ပြည်သူကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိမိနယ်မြေ အတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းကာ တတ်စွမ်းသမျှကူညီကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က မတ်လ (၂၈) ရက်မှာ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ People's Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။
Read More

အင်းစိန်ထောင်က နိုင်ကျဉ်းတွေအပါ အကျဥ်းသား ၅၀၀ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရ

အင်းစိန်ထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ မတရားအကျဉ်းချခံထားရသူတွေ အပါအဝင် ပြစ်မှုအမျိုးမျိုးနဲ့ ကျခံနေရတဲ့ အကျဉ်းသား အယောက် ၅၀၀ ကို နိုဝင်ဘာ ၃၀ ရက်နေ့က သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ သိရပါတယ်။
Read More

လောင်းလုံး ပကဖ က ကျဆုံးရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေ

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က ကျဆုံးအာဇာနည်ရဲဘော်တွေအတွက် ရည်စူးပြီး သံဃာတော်တွေကို ဆွမ်း၊ သင်္ကန်းနဲ့ ဝတ္ထု ကပ်လှူကုသိုလ်ပြုအမျှဝေခဲ့တယ်လို့ လောင်းလုံး ပကဖ က ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့အရေးမှာ ပါဝင်ခြယ်လှယ်နေတဲ့ ပြည်ပနိုင်ငံတွေကို ကန့်ကွက်ကြောင်း သောင်းရင်းဆွေးနွေးပွဲ ထုတ်ပြန်

မြန်မာ့အရေးကို ဝင်ရောက်ခြယ်လှယ်နေတဲ့ ပြည်ပနိုင်ငံတွေကို လုံး၀လက်မခံဘူးလို့ သောင်းရင်းဆွေးနွေးပွဲကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
Read More

မင်းတပ်မြို့တွင် အစုပြုံလိုက်ဗုံး (Cluster Bomb) များ အသုံးပြုကာ စစ်ကောင်စီ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ တိုက်နယ် အမှတ် (၁) အတွင်းက ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
Read More

၁၀ နှစ် တာဝန်ထမ်းခဲ့သည့် စစ်ကောင်စီတပ် တပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြစ်ချေ၊ ကျွန်းချောင်း လျှပ်စစ်ဓာတ်အားပေးရုံးမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ် တပ်ကြပ်တစ်ယောက်ဟာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့အတူ ပြည်သူရင်ခွင်ဆီ အလင်းဝင်လာတယ်လို့ Southern YSO PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။