မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မြစ်သား-ပြင်စီ- နွားထိုးကြီးလမ်းပိုင်းရဲ့ ငလျင်ပြတ်ရွေ့ကြောအခြေအနေကို အခုလိုပဲ မြင်တွေ့ရပါတယ်။

ငလျင်ဒဏ်ကြောင့် ကင်းတားဆည်ဘောင်မှာလည်း အက်ကြောင်းတွေဖြစ်ပေါ်ပြီး နိုင်ငံအတွင်းရှိ ဆည်မြောင်းတာတမံတွေရဲ့ ကြံ့ခိုင်မှုလျော့နည်းခဲ့တယ်လို့ Voice Of Wundwin က အသိပေးထားပါ တယ်။

မန္တလေးတိုင်းအတွင်းရှိ ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ သေဆုံးသူ ၂၀၀ နီးပါး တွေ့ရှိထားပြီး ဒဏ်ရာရသူ ၈၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

Video-Voice Of Wundwin

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ (၅၅) လက်အောက်ခံ ခမရ (၁၁၇) တပ်သား- ရဲရင့်ခန့်ညား၏ ပြောကြားချက် (ရုပ်/သံ)

''သူငယ်ချင်း ၃ ယောက် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၉ နာရီခွဲလောက် ၇၃ လမ်း ပေါ်က ပြန်လာတဲ့အချိန် ကျနော်တို့ကို လမ်းမှာစစ်ပြီးခေါ်လာတာ။ ပြီးတော့ ကျောက်မီးသွေးစခန်းကို ပို့လိုက်တယ်။ ပြီးတော့ ကျနော်တို့အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင်ရင် ပိုက်ဆံ ၁၅၀ (ကျပ်သိန်း ၁၅၀) ပေးရမယ်ဆိုပြီးပြောတယ်။ ကျနော်တို့ အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တို့ကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်။ ပြင်ဦးလွင်မှာ ၁၀ ရက်လောက်ထားပြီး ဗထူးသင်တန်းကျောင်းကို ပို့လိုက်တယ်”
Read More

Loikaw Local PDF တည်ထောင်ခြင်း ၁ နှစ်ပြည့်မှာ ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့ အကာအကွယ်ပစ္စည်းတွေတပ်ဆင်ပေး (ရုပ်/သံ)

Loikaw Local PDF ဖွဲ့စည်းတည်ထောင်ခြင်း ၁ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ရဲဘော်တွေအတွက် လက်နက်ခဲယမ်းနဲ့အကာအကွယ်ပစ္စည်းတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာမှာ မီးလောင်မှု ဖြစ်ပွား၊ အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာမှာ မတ်လ ၁၂ ရက် မနေ့ညနေပိုင်းက မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၄၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
Read More

ရိက္ခာထုပ်ကောက်သည့် စစ်သားများ တိုက်ခိုက်ခံရပြီး ၃ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လေကြောင်းကနေ ချထားပေးတဲ့ ရိက္ခာထုပ်တွေ လာ‌ကောက်တဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ အဖြူရောင် D.P.Y အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ယင်းမာပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတိပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ပျူစောထီးတွေကို သတိပေးတဲ့အနေနဲ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Toe Na Yar PDF အဖွဲ့ထံက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ် တတက ၁၃ ကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်မှု၊ အထက်တန်းနည်းပြအရာရှိ ၃ ဦးနှင့် အခြားအဆင့် စစ်သား ၁၈ ဦး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ အမှတ် ၁၃ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်း ကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အထက်တန်းနည်းပြအရာရှိ ၃ ယောက်နှင့် တခြားအဆင့် တိုက်ခိုက်ရေးစစ်သား ၁၈ ယောက်သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar က သတင်းထုတ်ပြန် ထားပါတယ်။