စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် စစ်ကောင်စီတပ်တွေ တပ်စွဲခဲ့တဲ့ မင်းကွန်း မြသိန်းတန်ဘုရားအပါအဝင် မင်းကွန်းဒေသအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီ တော်​တော်များများ ပြိုကျပျက်ဆီးခဲ့သလို အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မင်းကွန်းတိုက်နယ် သတင်းမှန်ပြန်ကြားရေးဆီက သိရပါတယ်။

မတ်လ ၂၈ ရက် မနေ့က နေ့လည်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းမြို့ပေါ်နဲ့ မြို့နယ်အတွင်းရှိ နေရာတွေမှာ လူထိခိုက်သေဆုံးမှုတွေရှိခဲ့တာဖြစ်ပြီး အထပ်မြင့်အဆောက်အဦးတွေနဲ့ ရှေးဟောင်း‌စေတီပုထိုးတွေလည်း ပြိုကျပျက်စီးခဲ့တာဖြစ်ပါတယ်။

မင်းကွန်းနယ်မြေအတွင်းမှာလည်း စစ်ကောင်စီတပ်တွေ ဘန်ကာသဖွယ်တပ်စွဲခဲ့တဲ့ မြသိန်းတန်ဘုရားအပါဝင် ပုထိုးတော်ကြီး၊ လွမ်းစေတီ၊ မင်းကွန်း မိုးကုတ်တိနိငါးထပ်ကျောင်းဆောင်နဲ့ ဓမ္မနာဒ ရာပြည့်ကျောင်းတို့ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မြသိန်းတန်ဘုရားဝင်းအတွင်း မြေမြုပ်မိုင်းတွေထောင်ထားခဲ့တာကြောင့် အရပ်သားတွေ အလျင်စလို ဝင်ရောက်ခြင်းမပြုလုပ်ကြဖို့ကိုလည်း မင်းကွန်းသတင်းမှန်ပြန်ကြားရေးက သတိပေးထားပါတယ်။

ဘုရားစေတီနဲ့ အဆောက်အဦးပြိုကျမှုကြောင့် ထိခိုက်သေဆုံးခဲ့သူတွေထဲမှာလည်း မင်းကွန်း နယ်ခံတွေအပြင် မန္တလေးစစ်ဘေးရှောင်တွေနဲ့ ပြည်သူ့စစ်တွေပါဝင်တယ်လို့ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့တဲ့ စိုးမိုးနယ်မြေတွေမှာ ​စစ်ကိုင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေကြောင်းကိုလည်း ပကဖ အသံက သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ (၂၈)ရက် မနေ့က ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်အပြီး နောက်တစ်နေ့ (မတ်လ ၂၉)ရက် ဒီနေ့မှာပဲ အခုလို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်လာတာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုနဲ့အတူ စစ်ကိုင်းတိုင်းအတွင်းက ထိန်းချုပ်နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ကလည်း ငလျင်ဘေးကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေရဲ့အခက်အခဲတွေကို ပြည်သူကာကွယ်ရေးတပ်မတော်(PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တွေက သက်ဆိုင်ရာနယ်မြေ အတွင်း မှာရှိတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနိုင်းပြီး တက်စွမ်းသမျှအစွမ်းကုန် ကူညီကြဖို့ကိုလည်း ညွှန်ကြားထားတာဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မင်းကွန်းမြသိန်းတန်ဘုရားအပါအဝင် စေတီပုထိုးကျောင်းကန်များ (ဓာတ်ပုံ လူမှုကွန်ရက်)

0 Shares:
You May Also Like
Read More

ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ စစ်ကားတွေ ကြားဖြတ်တိုက်ခိုက်ခံရ၊ ၆ ယောက်ထက်မနည်း သေ

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်က ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၆) ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၇၈၀၅၊ တပ်ခွဲ (၄) တပ်ခွဲဲမှူးက မောင်းကို ပြောပါတယ်။
Read More

သရက်ချောင်းမှာ ၁၇ ရက်ကြာ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြားနေ

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က  ထုတ်ပြန်ပါတယ်။
Read More

ပေါင်းတည်ထောင်တွင် နိုင်ငံရေးအကျဥ်းသားတစ်ဦး ရုတ်တရက် နှလုံးရပ် သေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည် အကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုလှမင်း (ခ) ကိုလှကြီးဟာ ရုတ်တရက် နှလုံးရပ်‌ သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 
Read More

Justice Soldier Drone တပ်ဖွဲ့မှ ဒရုန်းနှင့် နည်းပညာ အင်အားဖြည့်တင်းရန်အတွက် တပ်ဖွဲ့ဝင် (၂၀၀) ဦးခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသလက်အောက်ရှိ Justice Soldier PDF ရဲ့ ဒရုန်းတပ်ဖွဲ့က ဒရုန်းနဲ့ နည်းပညာ အင်အားဖြည့်တင်းဖို့အတွက် တပ်ဖွဲ့ဝင်အယောက် (၂၀၀) ခေါ်ယူနေတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီ၏ အပစ်ရပ်ကြေညာချက် လီဆယ်လှည့်ဖြားမှုသာဖြစ်ဟု  NUG ထုတ်ပြန် 

အကြမ်းဖက်စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက်ဟာ လီဆယ်လှည့်ဖြားခြင်းသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။ 
Read More

ကျောက်မဲနဲ့ ၆မိုင်သာ ဝေးတော့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရှမ်းမြောက်ထိုးစစ်…

“အခုက စခန်းသာကိုတော့ ရသွားပြီ၊ စခန်းသာက သူတို့ (စစ်တပ်) ရဲ့ ကြားရည်မှန်းချက်နေရာပေါ့နော်… အဲ့နေရာကနေ လက်နက်ကြီးတွေ ပစ်ကူပေးဖို့ အထိုင်ချမယ်လို့တော့ ထင်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က မောင်းသတင်းဌာနကို ပြောပါတယ်။