မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။

ဒီဖြစ်စဥ်ဟာ မတ်လ ၂၅ရက်၊ ညနေပိုင်းက ဂန့်ဂေါမြို့နယ်၊ ရေပုတ်ရပ်ကွက်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စနိုက်ပါ ကြည်ဝင်းရဲ့ဆိုင်ကယ်နဲ့ ပျူစောထီး၁ယောက်ရဲ့ သားဖြစ်သူ မောင်းနှင်လာတဲ့ ဆိုင်ကယ်တို့ အချင်းချင်းတိုက်မိခဲ့တာလို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို ပြောပါတယ်။

ဆိုင်ကယ်ချင်းတိုက်မှုကြောင့်  စနိုက်ပါ ကြည်ဝင်း ဆိုသူ နေရာတင်သေဆုံးသွားခဲ့ပြီး ကျန်ရှိတဲ့ ပျူစောထီးရဲ့ သားဖြစ်သူလည်း ဂန့်ဂေါမြို့ရဲစခန်းမှာ ယာဥ်တိုက်မှုနဲ့ အမှုဖွင့် အရေးယူခံထားရတယ်လို့ သိရပါတယ်။

နေရာတင် သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သား ကြည်ဝင်းဆိုသူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ရက်နေ့ ညနေပိုင်းက ဂန့်​ဂေါမြို့နဲ့ စိုင်းဒူးရွာကိုဆက်သွယ်ထားတဲ့ တံတားပေါ်မှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ လာပို့ရွာသား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်သတ်ခဲ့ဖူးသူလို့လည်း ကိုဘကောင်းက ပြောထားပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ကြောင့် ကွယ်လွန်ခဲ့သည့် ပြည်သူများအတွက် ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ ကုသိုလ်ပြု

မြန်မာနှစ်ဆန်း (၁)ရက်နေ့မှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က စစ်ကိုင်းပြတ်ရွေ့ ငလျင်‌ကပ်ဘေးကြီးအတွင်း ကွယ်လွန်သွားတဲ့ ပြည်သူတွေအတွက် ရည်စူးပြီး ရန်ကုန်မြို့မှာ ကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်သား ၃ ဦး အလင်းဝင်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၁၊ ဗျူဟာစစ်ကြောင်း ၁ ထံ စစ်ကော်မရှင်တပ်သား ၃ယောက် အလင်းဝင်ခိုလှုံလာတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၈ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ၆ လသား ကလေးငယ် အပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင် (မြောက်) ရွာကို တိုက်ပွဲဖြစ်ပွါးနေခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေး ၁ ယောက် အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

ထိန်းချုပ်နယ်မြေများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက်ကာကွယ်သွားမည်ဟု MDY PDF ကြေညာ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF အနေနဲ့ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရချိန် ညောင်ဦးအနောက်ဘက်ခြမ်း ရွာများကို စစ်​အုပ်စု အင်အားအလုံးအရင်းသုံးပြီး မီးရှို့ခဲ့

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၃၁ရက်နေ့ကစပြီး စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုဇီးက မောင်းကို ပြောပါတယ်။
Read More

ကျောက်ပန်းတောင်းလမ်းပိုင်းတစ်နေရာတွင် ပျူစောထီးခေါင်းဆောင်နှင့် အဖော်အမျိုးသမီး ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လမ်းပိုင်းတစ်နေရာမှာ ပျူစောထီးခေါင်းဆောင် ၁ယောက် စီးနင်းလာတဲ့ ကားကို စောင့်ကြို ဖမ်းဆီးရင်း အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Popa Guerilla Force (PGF) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။