ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင် ၃၁၉ မှာ မတ်လ ၁၉ ရက် မနေ့နံနက်ပိုင်းက ရဲကား ၁စီး၊ အိမ် စီးကား ၂ စီးနဲ့ ကင်းပတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အလစ်အငိုက်တိုက်ခိုက် ခဲ့ရာ ၅ ဘောက်သေခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုပြီးနောက် မိုင်တိုင် ၃၁၉ ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကင်းစခန်းနဲ့လည်း ထပ်မံပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ‌တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရ ပါတယ်။

အဲဒီတိုက်ခိုက်မှုကို  မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း (နွားထိုးကြီး PDF) နဲ့ မြစ်သားမြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့ရှောင်လမ်းမှာ စစ်သားတွေ လိုက်ပါလာတဲ့ အိမ်စီးကား ကြားဖြတ်တိုက်ခိုက်ခံရပြီး ၄ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် သီတာလမ်းနဲ့ မြို့ရှောင်လမ်းအနီးမှာ တပ်မ ၁၀၁ ကနေ အိမ်စီးကားနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၅ ယောက်ကို ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီဝန်းကျင်မှာ PDF ရဲဘော်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ယောက်သေသွားခဲ့တယ်လို့ Shwe Nyar Myae People Defense Force ထံက သိရပါတယ်။
Read More

မြန်မာနိုင်ငံတွင်း ဒေါက်တာဇော်ဝေစိုး ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေသည့် ဘေးကင်းဆေးရုံတည်ဆောက်ရေး ပြည်သူများ အားဖြည့်ကူညီပေးကြဖို့ တိုက်တွန်း (ရုပ်/သံ)

မြန်မာပြည်တွင်းကို ပြန်လည်ရောက်ရှိကာ နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ပြည်သူတွေနဲ့ တသားတည်း ပါဝင်နေတဲ့ NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဟာ ဘေးကင်းဆေးရုံတွေ တည်ဆောက်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
Read More

ပခုက္ကူခရိုင်အတွင်း ထိရောက်တဲ့ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ဖို့ “ဧရာအနောက်မြို့တော်သို့” သိန်း ၁၅၀၀ ကမ်ပိန်းပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အခြေစိုက်တဲ့ တပ်ဖွဲ့ ၅ ခုကို ထောက်ပံ့ပြီး ထိရောက်တဲ့ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ “ဧရာအနောက်မြို့တော်သို့” သိန်း ၁၅၀၀ ကမ်ပိန်းပြုလုပ်ထားတယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာ ပြုလုပ်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ ယောက်ရဲ့ မင်္ဂလာဆောင်ကို ရှော့ကတ် ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ ရဲဘော် ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

စက်ချို့ယွင်းနေသည့် စစ်ကောင်စီ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များ မီးရှို့ရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း စက်ချို့ယွင်းနေတဲ့ စက်တပ်လေထီး ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ မီးရှို့ရှင်းလင်းခဲ့တယ်လို့ Burma Revolution Rangers အဖွဲ့က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။