မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲအတွင်း အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ စစ်​အုပ်စုတွေကို စစ်ကြောင်းမှူး အပါအဝင် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေက စည်းစည်းလုံးလုံးနဲ့ ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

“စစ်ကြောင်းက ကျနော်တို့ သတ်ကွင်းထဲကို ရောက်လာတယ်ပေါ့။ အဓိကကတော့ ကျနော်တို့ အဖွဲ့တွေ စည်းစည်းလုံးလုံးနဲ့ရှိလို့ ဖြိုနိုင်ခဲ့တာပေါ့။ စစ်အုပ်စုဘက်က စောစောစီးစီး စစ်ကြောင်းမှူး သေသွားတော့ ကျန်တဲ့သူတွေ ဖရိုဖရဲဖြစ်သွားတယ်။ စစ်ကြောင်းမှာ အများဆုံးပါတာကလည်း ပြည်သူ့စစ်(ပျူ)တွေပါ” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းကိုပြောပါတယ်။

မတ်လ ၁၄ ရက် နေ့လယ်ပိုင်းက ငါ့သရောက်မြို့နယ်ခွဲအတွင်း စစ်ကြောင်းထိုးလာတဲ့ မကွေးအခြေစိုက်၊ တပ်မ ၈၈ လက်အောက်ခံ စစ်အုပ်စုတွေနဲ့ တော်လှန်ရေးတပ်တွေ ထောက်ဝရွာနဲ့ အိုရင်းရွာကြားအရောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကြောင်းမှူးအပါ စစ်သားနဲ့ ပျုစောထီး ၆၉ ယောက်အထိနေရာမှာတင် သေဆုံးခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ဆေးရုံပို့ဆောင် ကုသရာမှာ ၅ယောက် ထပ်မံသေဆုံးခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်က ထုတ်ပြန်ပါတယ်။

“စစ်ကြောင်းမှာ စစ်သားပါ​တာ နည်းတယ်။ အများဆုံးက ပြည်သူ့စစ်(ပျူ) တွေပဲဗျ။ ပုဂံ၊ ညောင်ဦးမြို့ပေါ်က ခေါ်လာတာတွေပါ။ တပ်မ ၈၈ နဲ့လက်အောက်ခံတပ်တွေက စစ်သား ၁၀ယောက်လောက်ပဲပါမယ်။ ပြည်သူ့စစ်က ၅၀ ကျော်လောက်ကိုပါပါတယ်။ အများဆုံးသေကြတာပေါ့။ အဓိကကတော့ စစ်ကြောင်းမှူး အစောကြီးသေသွားတော့ သူတို့မှာကွန်မန်းမရှိတော့ဘဲ ဖရိုဖရဲ ဖြစ်ပြီး ကျနော်တို့ သတ်ကွင်းထဲကိုရောက်လာတယ်ပေါ့။ အဲ့ဒါကြောင့်ပါ။” လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

သူကပဲဆက်လက်ပြီး “ညောင်ဦးမြို့နယ်မှာ ဒီပွဲက စစ်ကြောင်းတစ်ခုလုံးပြုတ်တဲ့အထိ ဖြုတ်နိုင်တဲ့အောင်ပွဲလို့ ပြောရပါမယ်။ တိုက်ပွဲအပြီး လေယာဥ်တွေ ဆက်တိုက်ဝဲတယ်။ လက်နက်ကြီးတွေ ရမ်းသမ်းပစ်တယ်။ ပြည်သူ့နေအိမ်တွေ ထိခိုက်မှုရှိပါတယ်။” လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ညောင်ဦးမြို့နယ်  ပကဖ စစ်ရေးတာဝန်ခံ ရဲဘော် ဗျတ်ဝိ (ပုဂံပြည်ဘီလူးတပ်) နဲ့ ရဲဘော် ငတေ (BGF) တို့ ဦးဆောင်ပြီး ပုဂံပြည်ဘီလူးတပ် ၊ BGF (Burmese Guerrilla Force) ၊ တောင်သာမြို့နယ် ပကဖ ၊ Scorpion People Defense Force ၊ ညောင်ဦးခရိုင်တပ်ရင်း ၅ နဲ့ မြင်းခြံ ခရိုင်တပ်ရင်း ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ပုဂံပြည်ဘီလူးတပ်အဖွဲ့ဝင် တစ်ယောက် ကျဆုံးခဲ့ရသလို BGF (Burmese Guerrilla Force) က တပ်ဖွဲ့ဝင်တစ်ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ငါ့သရောက်တိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်တပ်လက်အောက်ခံများအား တွေ့ရစဥ် (ဓာတ်ပုံ ညောင်ဦးပကဖ)

0 Shares:
You May Also Like
Read More

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ ဒေသခံ ၅ဦးထက်မနည်း သေဆုံး၊ အယောက် ၂ဝ ခန့် ဒဏ်ရာရ

“ဒဏ်ရာရတဲ့သူက ၁၅၊ ၂၀ ဝန်းကျင်လောက်ရှိတယ်။ သေဆုံးတာက လောလောဆယ်သိရတာ ၅ယောက်။ ရှာလို့မရသေးတာတွေလည်း ရှိနေသေးတယ်”လို့ မိုးကုတ်မြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသမှာ ပြဇာတ်နဲ့ လူထုဟောပြောပွဲ ပြုလုပ်

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အမှတ် ၁ စစ်ဒေသ တစ်နေရာမှာ "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနဲ့ တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား" ကို စက်တင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြင်ဦးလွင်ကိုသွားမယ့် စစ်ကားတွေကို ဆိပ်ဖြူ-ကန်ဇွန်းမလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်၊ စစ်ကား ၂ စီးမီးလောင်ပျက်စီးပြီး စစ်သား ၁၁ ​​ဦးသေ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ပြင်ဦးလွင်ကို သွားမယ့် စစ်ကောင်စီတပ်ကားတွေကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၁ ယောက်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Yenanthar Column (မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း) က ထုတ်ပြန်ပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း KNU ရဲ့ ကရင်လူမူကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး (KORD) က ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်း၊ ကရင်အမျိုးသားအစည်အရုံး - KNU ရဲ့ ကရင်လူမူကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး(KORD)၊ ခရိုင်တာဝန်ရှိသူတွေ ဦးဆောင်ပြီး ပြည်သူတွေကို သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

လင်းဇင်းတိုက်နယ်ရဲစခန်းကို စီးနင်းတိုက်ခိုက်မှု စစ်အုပ်စု အထိနာပြီး လေကြောင်းပစ်ကူသုံးခဲ့ရ

မကွေးတိုင်း၊ စလင်းမြို့နယ်က လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုများခဲ့ပြီး လေယာဥ်ပစ်ကူပေးခဲ့ရကြောင်း ဒေါင်းစစ်အောင် LPDF တာဝန်ခံ ကိုထူးလေးက မောင်းကို ပြောပါတယ်။
Read More

စစ်အာဏာသိမ်းမှုကြောင့် လူဦးရေ ၁၅ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲနဲ့ လူမှုအကျပ်အတည်းတွေကိုပါ ခံစားနေရဟု UNOCHA က ထုတ်ပြန်

မြန်မာ့လူဦးရေ ၁၅ သန်းကျော် စားနပ်ရိက္ခာအခက်အခဲအပြင် လူမှုအကျပ်အတည်းမျိုးစုံ တပြိုင်နက်တည်း ရင်ဆိုင်ခံစားနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကအသိပေးထုတ်ပြန်ပါတယ်။