အာဏာသိမ်း စစ်ကောင်စီက ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီလအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်အထိ ပြုလုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
NUG ကမြေမြင်မှ ရရှိတဲ့ ကိန်းဂဏန်းတွေအရ
လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံး ဒေသက စစ်ကိုင်းတိုင်း ဖြစ်ပြီး ဒုတိယ က မန္တလေး တိုင်း နဲ့ တတိယက မကွေးတိုင်းတို့ဖြစ်ခဲ့ပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၄ မှုတွေထဲမှာ တရားလက်လွတ်သတ်ဖြတ်ခံရတာက ၁၁၅ မှု ပါဝင်ပြီး လိင်အကြမ်းဖက်မှု ၊ အလုပ်သမားအခွင့်အရေး ၊ မျှတသော တရားစီရင်ခွင့်ဆုံးရှုံးခြင်း၊ တရားလက်လွတ်ချုပ်နှောင်မှု ၊ ဖိအားပေးပျောက်ကွယ်စေခြင်း ၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် ၊ ကလေးစစ်သား ၊ ညှင်းပန်းနှိပ်စက်ခြင်း ၊ ဆေးဘက်ဆိုင်ရာ စင်တာများအား တိုက်ခိုက်ခြင်း ၊ လွတ်လပ်စွာ သွားလာခွင့် ၊ ဘာသာရေးအဆောက်အဦများအား ဖျက်ဆီးခြင်း ၊ ဖိအားပေးရွှေ့ပြောင်းစေခြင်း ၊ တရားလက်လွတ်ဖမ်းဆီးမှု ၊ အတင်းအဓမ္မစေခိုင်းခြင်း ၊ ကိုယ်ပိုင်ပစ္စည်းများအား ဖျက်ဆီးခံရခြင်း နဲ့ အခြားချိုးဖောက်မှုတွေ ပါဝင်ခဲ့ပါတယ်။
ဖေဖော်ဝါရီလအတွင်းမှာ စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းကို လေကြောင်းတိုက်ခိုက်မှု ၆၈ ကြိမ် အထိ ပြုလုပ်ထားခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ဘာသာရေး အဆောက်အအုံ နဲ့ ကျန်းမာရေး အဆောက် အအုံတွေ ပျက်စီးဆုံးရှုံးမှုဟာလည်း စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပွါးခဲ့ပါတယ်။
Photo – စစ်ကိုင်းတိုင်းအတွင်းမှ ကျေးရွာတစ်ရွာကိုစစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးထားမှုများ။
0 Shares:
You May Also Like
Read More

မိုးကုတ်မြို့နယ်တွင် ယနေ့မနက် အကြမ်းဖက်စစ်တပ် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က ဒီမနက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က သတင်းထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့ပေါ် ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ဦးကို စစ်အုပ်စု ဖမ်းဆီးထား၊ ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်ကို ဈေးဝယ်သွားတဲ့ အမျိုးသမီး ၆ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဇွန်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ရေဦး အနောက်ပိုင်းဇုန် သတင်းဆက်သွယ်ရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ကိုယ်ပိုင်သံစဉ် ရော့ခ်သီချင်းများ ချန်ရစ်ခဲ့သူ မာရဇ္ဇ၏ နောက်ဆုံးခရီး

ပရိသတ်တွေအတွက် ကိုယ်ပိုင်ဂီတအနုပညာတွေ ဖန်တီးပေးခဲ့တဲ့ အဆိုတော် မာရဇ္ဇရဲ့ ဈာပနအခမ်းအနားကို ဒီနေ့ ဇန်နဝါရီ ၂၅ ရက်၊ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုတော် မာရဇ္ဇ (ခေါ်) မာကြီးရဲ့ နောက်ဆုံးခရီးကို အနုပညာအသိုင်းအဝိုင်းက လုပ်ဖော်ကိုင်ဖက်တွေအပြင် သူ့ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
Read More

တော်လှန်ရေးရဲဘော်များကို စစ်သားထင်ပြီး ဧည့်ခံဖို့ပြင်နေရင်း ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာက စစ်မှုထမ်းဟောင်းလည်းဖြစ်တဲ့ ရာအိမ်မှူး ဦးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က တပ်သားသစ်တွေ ခေါ်ယူနေ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒုတိယအကြိမ်အဖြစ် တပ်သားသစ်တွေ ခေါ်ယူနေတယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
Read More

ရွေးကောက်ပွဲအတု ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံများ အသုံးပြုသည့် Money Flow လှုပ်ရှားမှု ပြုလုပ်

အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေးအဖြစ် ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း စာသားပါ ပိုက်ဆံတွေ သုံးစွဲဖြန့်ဝေတဲ့ Money Flow လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင်‌ ၄ ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။