ရန်ကုန်မြို့နေရာအနှံ့မှာ အကြမ်းဖက်စစ်ကောင်စီကို ILO က ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ လိုအပ်တဲ့ အချက်တွေ ပါဝင်တဲ့ သတင်းစကား စာရွက်တွေကို ရန်ကုန်တော်လှန်‌ရေးသပိတ်အင်အားစုတွေက ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အလုပ်သမားတွေအပေါ် အတင်းအဓမ္မလုပ်အားခိုင်းစေတာ၊ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ စည်းရုံးရေးဆင်းခြင်း စတာတွေကို အကာအကွယ်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ စံနှုန်းတွေအပေါ် လိုက်နာမှုမရှိတာကို ပြည်သူလူထုကိုယ်တိုင် တွေ့မြင်ရမှာဖြစ်ကြောင်း သပိတ်အင်အားစုတွေက ဆိုပါတယ်။

ဒါကြောင့် ပြည်သူလူထုအပေါ် အတင်းအဓမ္မ ဖိနှိပ်မှုတွေ ပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို တန်ပြန်သက်ရောက်မှုအနေနဲ့ ILO က အမြန်ဆုံးအရေးယူပေးဖို့အတွက် ပြည်သူထူလူရဲ့ အသံ၊ သဘောဆန္ဒနဲ့ ထောက်ခံမှုကို လိုအပ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို စစ်ကောင်စီက အရေးယူခံရရင် စစ်ကောင်စီရဲ့ အဓိက ထောက်တိုင်တစ်ခုဖြစ်တဲ့ စီးပွါးရေးဟာ နိုင်ငံခြားငွေတွေအပြင် စစ်ကောင်စီကို သွယ်ဝိုက်တဲ့နည်းနဲ့ တရားဝင်အသိအမှတ်ပြုလာရေး အခွင့်အရေးတွေ ဆုံးရှုံးမှာဖြစ်ပြီး စစ်ကောင်စီရဲ့ အဓိကထောက်တိုင်ဟာလည်း ပြိုကျသွားမှာဖြစ်တယ်လို့ သပိတ်အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စု၏ စစ်ကိုင်းတပ်မ ၃၃ မှ တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၃၃ က တပ်သားတစ်ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြင်းခြံနှင့် နွားထိုးကြီးတွင် အကြမ်းဖက်စစ်ကြောင်းက ရွာများကို မီးရှို့ကာ အရပ်သား ၂၆ ဦးထက်မနည်း သတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂၆ယောက်ထက်မနည်း သတ်ဖြတ်ထားပြီး ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

“မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး” ကမ်ပိန်းမှ ၅ရက်အတွင်း ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော် ရရှိ

“မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာ ကူညီပေး” အရေးပေါ်ကမ်ပိန်းကနေ ၅ရက်အတွင်း ကူညီထောက်ပံ့ငွေ ကျပ် သိန်း ၁၀၀၀၀ ကျော် ရရှိနေပြီဖြစ်တယ်လို့ Spring Development Bank က ဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။
Read More

ရန်ကုန်ရှိ စစ်ကောင်စီ၏ ကမာရွတ် ရဲစခန်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်…

“နောက်ဆက်တွဲအသေးစိတ်ကတော့ စုံစမ်းဆဲပါ.....ရန်သူ့ဘက်က ထိခိုက်သေဆုံးမူကတော့ ရှိနိုင်ပါတယ်။ လက်ပစ်ဗုံး ၂ လုံးစလုံး ကွဲပါတယ်ဗျ...အသံလည်းအတော်ကျယ်တယ်၊ ပြင်းအားလည်း အတော်ပြင်းတယ်”
Read More

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ CDM စစ်သားနဲ့ရဲတွေ ကြိုဆို

CDM လုပ်ထားတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက်ထားမှုအပေါ် အထူးပင် ဝမ်းမြောက်စွာ ကြိုဆိုကြတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မင်္ဂလာဒုံမြို့နယ်ရှိ ကြံ့ခိုင်ရေးရုံးကို ပြောက်ကျားအဖွဲ့များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်ဝေခံ ကြံ့ခိုင်ရေးပါတီရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၅ရက် ဒီမနက်အစောပိုင်းမှာ လက်ပစ်ဗုံးတွေ၊ ပြင်းအားမြင့်မိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။